32 C
Yangon

မင်းလှမြို့နယ်၊ ဘန့်ဘွေးကုန်းရွာအနီး အရက်သောက်ပြီး ပြန်လာသည့် စစ်သား ၂ ဦးကို ပစ်ခတ်မှု ၁ ဦး သေဆုံး

Must read

မင်းလှမြို့နယ်၊ ဘန့်ဘွေးကုန်းရွာအနီး အရက်သောက်ပြီး ပြန်လာသည့် စစ်သား ၂ ဦးကို ပစ်ခတ်မှု ၁ ဦး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၆

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြိုနယ်၊ ဘန့်ဘွေးကုန်းရွာအနီး ၌ အရက်သောက်ပြီး ပြန်လာသည့် စစ်သား ၂ ဦး ကို ပစ်ခတ်ခဲ့ရာ ၁ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၂၀ ရက် ည ၈ နာရီခန့်က မင်းလှမြို့နယ်၊ မြို့ချောင်း – စိန်ကန့်လန့် ရိုးမဖြတ်လမ်း မပေါ် ဘန့်ဘွေးကုန်း ကျေးရွာ၌ တပ်ဆွဲထားသည့် အကြမ်းဖက်စစ်သား ၂၀ ခန့်အနက်မှ စစ်သား ၂ ဦး သည် အရက်မူးပြီး ကျေးရွာအစပ်သို့ ရောက်ရှိနေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ အနီးကပ် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ၁ ဦးသေဆုံးသွားပြီးတစ်ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျနော်တို့ ရဲဘော်တစ်ချို့ အဲဒီဘက်ကို ကိစ္စတစ်ခုနဲ့ သွားရင်း စစ်ခွေး ၂ ကောင်မူးနေတာတွေ့လို့ လမ်းကြုံပစ်လိုက်တာ၊ သူတို့က ကင်းစောင့်တာလား၊ ဘာလားတော့ မသိဘူး၊ တစ်ကောင်က ကျည် ၃ ချက်၊ ၁ ကောင်က ကျည် ၂ ချက် အနီးကပ်ပစ်ရတာ၊ ၂ ကောင်လုံး ကိစ္စပြတ်ပြီထင်တာ၊ တစ်ကောင်ပဲ ကိစ္စပြတ်တယ်၊ စခ ယူနီဖောင်း ဝတ်ပေးထားတဲ့ ပျူ တွေလား မသိဘူး၊ ယူနီဖောင်းကတော့ စခ ယူနီ ဖောင်း ၊ သူတို့မှာက လက်နက်မပါဘူး၊ ပစ်တဲ့နေရာ မှာတော့ သွေးအိုင်သွားတယ်၊ အလောင်း ကိုလည်း ဘယ်လိုဖျောက်လိုက်လည်းမသိဘူး၊ တပ်ထဲတော့ ပြန်မသယ်ဘူး” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ၏ ရဲဘော်များမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အထိအခိုက်မရှိ ဘေးအန္တရာယ်ကင်းရှင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ပစ်ခတ် တိုက် ခိုက်ပြီးနောက် ကျန်အကြမ်းဖက်စစ်ကောင်စီတပ်သားများ ရောက်ရှိလာကာ ပစ်ခတ်ခံရသည့် စစ်သား များကို သယ်ဆောင်သွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article