23 C
Yangon

ကျွန်းစုမြို့နယ်ရှိ ပျူစောထီးစခန်းနှင့် စစ်ကားများကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံး

Must read

ကျွန်းစုမြို့နယ်ရှိ ပျူစောထီးစခန်းနှင့် စစ်ကားများကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၆

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်ရှိ ပျူစောထီးစခန်းနှင့် စစ်ကားများကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ် ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၂၄ ရက် ည ၁၂ နာရီခန့်က ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေးရွာရှိ ပျူစောထီးစခန်းကို တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့(တနင်္သာရီ ပကဖ) ပုလော-ပကဖ နှင့် ကျွန်းစု-ပကဖ တို့ ပူးပေါင်း ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း ပျူစောထီး နေအိမ်များကို မီးရှို့ကာ ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် အောက်တိုဘာ ၂၅ ရက် နံနက် ၁၁ နာရီ ၅၁ မိနစ်တွင် မြိတ်မြို့နယ်၊ တုန်းဗျောအုပ်စု၊ တောင် ပုရွာ အနီး၌ စစ်ကူလာရောက်သည့် အကြမ်းဖက်စစ် ကောင်စီကားတစ်စီးကို တနင်္သာရီ ပကဖ နှင့် ပုလော ပကဖ အဖွဲ့တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၄ မိနစ် အချိန်ခန့်တွင် ဇဝဲဘက်မှ မော်တုန်း ရွာ အခြေစိုက် အမှတ်၃၀၆ အမြောက်တပ်ထဲသို့ လာရောက်သည့် အကြမ်းဖက်စစ်ကောင်စီတပ် သားများစီးနင်းလိုက်ပါလာသော Vigo အနက်ရောင်ကားကို ချောင်းညီကိုရွာအနီးအရောက် တနင်္သာရီ-ပကဖ မှ ကြားဖြတ်တိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်ပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာ နိုင်ခဲ့ပြီး တနင်္သာတိုင်းအတွင်းရှိ မိဘပြည်သူလူထုများ၊ ခရီးသွားပြည်သူများအနေဖြင့် သတိကြီးစွာထား ပြီး သွားလာနေထိုင်ပေးကြပါရန် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖမှ မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article