ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံရွာစစ်တပ်ဘန်ကာများကို ရော့ကတ်များဖြင့် ပစ် ခတ်တိုက်ခိုက်၊ ရွှေဘိုတွင် ပျူစောထီးစစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု ၃ ဦးဒဏ်ရာရ
ရန်ကုန်၊ အောက်တိုဘာ ၂၆
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံကျေးရွာရှိ အကြမ်းဖက်စစ်တပ်စခန်းကို ရော့ကတ်ဒုံးကျည် များဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိရောက်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း Young Force UG တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့အောက်တိုဘာလ ၂၆ ရက် နေ့လည်ပိုင်းက ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံကျေးရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို Rocket ဒုံး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ နေထိုင်သည့် ဘန်ကာများအနီး ၄ လုံး ထိရောက်ကျမှန်ပေါက်ကွဲခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား ထိ ခိုက်သေ ဆုံးမှုနှင့် ပျက်စီးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“ပစ်တာက ၆ လုံးပစ်တာ၊ ၄ လုံးလောက် ဘန်ကာတွေနား ကျရောက်ပေါက်ကွဲခဲ့တယ်၊ ဒရုန်းနဲ့ကင်း ထောက်ကြည့်ခဲ့တာပါ၊ တပ်စွဲထားတာလည်း ကြာပြီတော့ အနားကို ဘယ်ပြည်သူမှ ကပ်လို့မရဘူး၊ အဲဒါကြောင့် ထိခိုက်ပျက်စီးတာရော၊ သေဆုံးတာရော စုံစမ်းလို့ မရသေးဘူး၊ စစ်ခွေးတွေဘက် ပြန်ပစ်တာ မျိုးမရှိပါဘူး” ဟု Young Force UG တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို Phoenix Ranger PDF (မြိုင်) ၊ ပခုက္ကူမြိုနယ် ပကဖ တပ်ခွဲ ၂ မှ Shwe Nyar Myae PDF ၊ Pakokku Ranger ၊ Young Force – UG တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ အောက်တိုဘာ ၂၆ ရက်နေ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့မှ ထွက်ခွာလာသည့် အင်အား ၆၅ ဦးပါ ပျူစောထီးစစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း BLACK WOLF – ARMYမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အောက်တိုဘာ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန် ကျောက်မြောင်းမြို့ နယ် ခမရ – ၁၂ မှ ထွက်ခွာလာသည့် အင်အား ၆၅ ဦးပါ စစ်ကြောင်းကို မောင်းတက်ရွာအနီးအရောက် BLACK WOLF – ARMY နှင့် မဟာမိတ် Who am i – army ၊ Forest Fighter ၊ တိုက်နယ် ပကဖ ( ၄ ) တို့က ဒရုန်းဖြင့် ဗုံး သီးချ တိုက် ခိုက်ခဲ့ကြောင်း၊ ပျူစောထီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးမှာ ဒဏ်ရာ အပြင်းအထန် ရရှိကြောင်း ၊ ပျူစောထီးများက ဒရုန်းဖြင့် ဗုံးဖြင့် ၂ ကြိမ် ကျဲချခဲ့ကြောင်း သိရှိရသည်။