28 C
Yangon

Update News- MNDAA က စစ်ကောင်စီတပ်ဖွဲ့များကို အမြစ်ပြတ်ချေမှုန်းရေး စတင်လိုက်ပြီး လောက်ကိုင်မြို့နှင့် လားရှိုး-ချင်းရွှေဟော်၊ လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးများကို အရေးပေါ် ပိတ်ပင်ကြောင်း ကြေညာ

Must read

Update News- MNDAA က စစ်ကောင်စီတပ်ဖွဲ့များကို အမြစ်ပြတ်ချေမှုန်းရေး စတင်လိုက်ပြီး လောက်ကိုင်မြို့နှင့် လားရှိုး-ချင်းရွှေဟော်၊ လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးများကို အရေးပေါ် ပိတ်ပင်ကြောင်း ကြေညာ

■ တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်နက်များကို ဖမ်းဆီး သိမ်းဆည်းရရှိ

ရန်ကုန်၊ အောက်တိုဘာ ၂၇

ရျမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ ၁ နှင့် လောက်ကိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အမြစ်ပြတ်တိုက်ခိုက်ချေမှုန်းရေး စတင်နေပြီဖြစ် ကြောင်း MNDAA ကိုးကန့်တပ်ဖွဲ့က တရားဝင်ကြေညာသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ ၁ အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များကို အမြစ်ပြုတ် တိုက်ခိုက်ချေမှုန်းရေးအတွက် လည်းကောင်း၊ လောက်ကိုင်မြို့နယ်အတွင်း အွန်လိုင်း ရာဇဝတ်ဂိုဏ်းများကို တိုက်ဖျက်ရှင်းလင်းရန်အတွက်လည်းကောင်း၊ အွန်လိုင်းရာဇဝတ်ကုမ္ပဏီများကို ကာကွယ်ပေးနေသော နောက်ကွယ်အင်အားစုများ လားရှို့မှတစ်ဆင့် စစ်အင်အားတိုးချဲ့လာမည်ကို ဟန့်တားရန်အတွက်လည်းကောင်း၊ ယခုအချိန်မှစတင်ပြီး လားရှိုး-ချင်းရွှေဟောင်၊ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးများကို ယနေ့ နံနက် ၆ နာရီမှစတင်၍ အရေးပေါ်ပိတ်ပင်လိုက်ကြောင်း ကြေညာသည်။

အဆိုပါ ပိတ်ပင်ထားသော လမ်းမကြီးများကို မည်သည့် ယာဉ်တန်းမှ မည်သည့် အကြောင်းပြချက်ဖြင့် ဖြတ်သန်းသွားလာခွင့်မပြုကြောင်း ၊အသိပေးထားမှုကို မလိုက်နာသော ဆက်လက်ဖြတ်သန်းသွားလာမည်နေမည်ဆိုပါက ရန်သူ၏ သယ်ယူပို့ဆောင်ရေး ယာဉ်တန်းအဖြစ် မှတ်ယူပြီး ပြင်းထန်စွာ တိုက်ခိုက်မည်ဟု MNDAA က ထုတ်ပြန်ကြေညာသည်။

ယမန်နေ့ အောက်တိုဘာလ ၂၆ ရက်နေ့ တိုက်ပွဲများ၊ နှင့် ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးရရှိကြောင်း၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း ကိုးကန့် MNDAA က ထုတ်ပြန်ကြေညာသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article