32 C
Yangon

ကော့ကရိတ်ရှိ ချောင်းဆုံဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး ခဲယမ်းများ သိမ်းဆည်းရရှိ၊ ဘုတလင် တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၅ ဦး သေဆုံးနိုင်

Must read

ကော့ကရိတ်ရှိ ချောင်းဆုံဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး ခဲယမ်းများ သိမ်းဆည်းရရှိ၊ ဘုတလင် တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၅ ဦး သေဆုံးနိုင်

ရန်ကုန်၊ အောက်တိုဘာ ၂၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ချောင်းဆုံဘုန်းကြီးကျောင်း ဝင်းအတွင်း တပ်စွဲထားသော အကြမ်း ဖက် စစ်သားများကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ တပ်ကြပ်ကြီး ၁ ဦးသေဆုံးပြီး ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ကျားဖြူစစ်ကြောင်း တပ်ခွဲ ၄ ထံမှ သိရသည်။

ယနေ့ အောက်တိုဘာလ ၂၇ ရက် နံနက် ၁၁ နာရီခန့်က ကော့ကရိတ်မြို့၊ ချောင်းဆုံဘုန်းကြီး ကျောင်းဝင်း အတွင်း၌ အင်အား ၇၀ ခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို KNLA ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ကြပ်ကြီး ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှု စာရင်း သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို KNLA တပ်ဖွဲ့၊ ကျားဖြူစစ်ကြောင်းတပ်ခွဲ-၄ နှင့်မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များ မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးအရှိန်မြှင့်နိုင်ရန် မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးပါရန် ကျားဖြူတပ်ခွဲ-၄ က ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဇီးတောကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦးခန့်သေဆုံးနိုင်ကြောင်း ဘုတလင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ အောက်တိုဘာလ ၂၇ ရက် နံနက်ပိုင်းက မုံရွာမြို့ နမခ တပ်မှ အင်အား ၈၀ ခန့်ဖြင့် ထွက်ခွာလာ သော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ဘုတလင်မြို့နယ်၊ ဇီးတောရွာအနီးအရောက် မိုင်းကွင်း ဖြတ်သန်းစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ ပြီး အတုံးအရုန်းလဲနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

“ဘုတလင်ဘက်ကို စစ်ကြောင်း ၂ ကြောင်းနဲ့ စစ်ကြောင်းထိုးနေတာပါ၊ ကျနော်တို့မိုင်းဆွဲခဲ့တာက တစ် ကြောင်း၊ တခြားတစ်ကြောင်းလည်း ထွက်သေးတယ်၊ ကျနော်တို့နဲ့ဖြစ်တဲ့စစ်ကြောင်းက မိုင်းကွင်းထဲ ဖြတ်တဲ့အချိန်ဆွဲခဲ့တာဆိုတော့ ခွေးတွေ လေပေါ်မြောက်တက်သွားတာတွေပါ မြင်ရတယ်လို့ မိုင်းဆွဲခဲ့ တဲ့ရဲဘော်က သတင်းပို့ထားပါတယ်၊ မိုင်းကွင်းဆိုတော့ မိုင်းတွေက အများကြီးခင်းထားတာ၊ ရှေ့ထွက် မိုင်းတွေလည်းပါတယ်၊ ထိတာတော့ ၃၀ လောက်ထိတယ်လို့ပြောပါတယ်၊ အခြားသတင်းတွေပါကြည့်‌ ပြီး အနည်းဆုံး ၁၅ ဦးလောက်ထိတယ်၊ အဲဒီထက်မှ ၅ ယောက်လောက်ကတော့ သေနိုင်တယ်လို့ ခန့် မှန်းလို့ရပါတယ်” ဟု ဘုတလင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသည့် အကြမ်းဖက် စစ်ကြောင်းမှာ ရှေ့ဆက်တိုးနိုင်ခြင်းမရှိဘဲ ဇီးတောကျေးရွာအနီး တွင် စခန်းချနေကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ငယ်ဖြင့် ၁၅ မိနစ်ခန့် ပစ်ခတ်ကာ လက်နက် အင်အားနည်းသဖြင့် ပြန်လည် ဆုတ်ခွာလာခဲ့ရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article