24.8 C
Yangon

ချင်းရွှေဟော်ကို စစ်တပ်က ဒုံးများ၊ တိုက်လေယာဉ်များဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေပြီး အရပ်သား ပြည်သူများ သေဆုံးထိခိုက်မှုများရှိ၊ တရုတ် နိုင်ငံထဲသို့ စစ်တပ်၏ လက်နက်ကြီးကျည်များ ကျရောက်

Must read

ချင်းရွှေဟော်ကို စစ်တပ်က ဒုံးများ၊ တိုက်လေယာဉ်များဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေပြီး အရပ်သား ပြည်သူများ သေဆုံးထိခိုက်မှုများရှိ၊ တရုတ် နိုင်ငံထဲသို့ စစ်တပ်၏ လက်နက်ကြီးကျည်များ ကျရောက်

■ ယနေ့ နံနက်အစောပိုင်းတွင် ရှမ်းမြောက်တစ်ခွင် တိုက်လေယာဉ်များဖြင့် စစ်တပ်က ဗုံးများ ဆက်တိုက်ကျဲနေ

ရန်ကုန်၊ အောက်တိုဘာ ၂၈

ရှမ်းပြည်မြောက်ပိုင်း၊ ချင်းရွှေဟော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ယမန် နေ့ သိမ်းပိုက်ပြီးနောက် စစ်တပ်က အတွဲလိုက်ဒုံးများ၊ တိုက်လေယာဉ်များဖြင့် အပြင်းအထန် ပစ်ခတ် ထိုးစစ်ဆင်နေပြေီး အရပ်သားပြည်သူများ ထိခိုက်မှု များရှိနေကြောင်း ချင်းရွှေဟော်ဒေသမှ စစ်ဘေးရှောင် ပြည်သူများက ပြော ဆိုသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက စစ် ကောင်စီတပ်၏ စခန်းများနှင့် ဂိတ်များကို ချေမှုန်းပြီးနောက် ချင်းရွှေ ဟော်မြို့ ကို သိမ်းပိုက်ခဲ့ကြောင်း၊ ထိုအချိန်မှစတင်၍ စစ်တပ်က လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများ၊ တိုက်လေယာဉ်များဖြင့် ချင်းရွှေဟော်ကို တစ်နေ့လုံး၊ တစ်ည လုံး ထိုးစစ်ဆင် ပစ်ခတ်လျက်ရှိပြီး စစ်ဘေးရှောင် ပြည်သူများ သေဆုံး ထိခိုက်မှုများရှိနေကြောင်း၊ ချင်းရွှေဟော်မြို့ကို လေယာဉ်ဖြင့် ဗုံးကျဲမှု အကြိမ် ရေများစွာ ပြုလုပ်ခဲ့ပြီး ကွမ်းလုံ၊ လောက်ကိုင်ဘက်မှ ဒုံးကျည်များဖြင့် တစ်ည လုံးပစ်ခတ်ခဲ့ကြောင်း ၊ မြေပြင်တွင်လည်း စစ်အင်အားများ တိုးချဲ့ပြီး လက် လွှတ် လိုက်ရသော နေရာများကို ပြန်လည် သိမ်းယူရေ စစ်တပ်က ကြိုးပမ်း နေကြောင်း သိရှိရသည်။

“ကွမ်းလုံဘက်ကလည်း တစ်ညလုံးပစ်တယ်။ လောက်ကိုင်ဒစက ထဲကနေ လည်း ဒုံးတွေ တောက်လျှောက်ပဲ ပစ်နေတယ်။ ချင်းရွှေဟော်ဘက်မှာ စစ်ဘေး ရှောင် ကယ်ဆယ်ရေးစခန်း အရေးပေါ် ဖွင့်ထားတာရှိပါတယ်။ လူဦးရေ ၅၀၀ လောက် စစ်ရှောင်နေရတယ်။ အဲဒီနားကို ဗုံးတွေ လက်နက်ကြီးတွေ၊ ဒုံးတွေ ကျလာလို့ စစ်ဘေးရှောင် ပြည်သူတွေ ထိခိုက်မှုတွေရှိနေတယ်။ တစ်ဦး သေဆုံးတယ်။ ဒဏ်ရာရသူများတယ်။ အဲဒီစစ်ဘေးရှောင်တွေက ပိတ်မိနေတာ။ တစ်ညလုံး ပစ်တယ်။ လေယာဉ်တွေနဲ့ လာပစ်တယ်။ ကတ္တရာလမ်းပေါ်မှာ တဲလေးတွေ ထိုပြီး နေရတယ်။ အောက်မှာ အခင်းတွေ ဘာတွေလည်းမရှိဘူး။ တရုတ်ပြည်နဲ့ ၀ဘက်က လက်ခံမှပဲ အဲဒီပိတ်မိနေတဲ့သူတွေ ထွက်လို့ရမယ်။ အခုက ပိတ်မိနေတယ်။ တရုတ်နိုင်ငံထဲက စစ်ရှောင်နေရာတွေလည်း လက်နက်ကြီးကျည်တွေ ကျနေတယ်” ဟု စစ်ဘေးရှောင်သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ လားရှိုးတွင်လည်း ယမန်နေ့ ပိုင်း ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ခဲ့ပြီး ယနေ့ နံနက်အစောပိုင်းတွင်ပါ ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း၊ စစ်တပ်က လက်နက်ကြီးများဖြင့် တောက်လျှောက်ဆိုသလို ပစ်ခတ်နေကြောင်း သိရှိရ သည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ကြေညာလိုက်သော စစ်အာဏာရှင် ချေမှုန်းရေး စစ်ဆင်ရေး နယ်မြေများဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကို စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးများ၊ ဒုံးများဖြင့် အဓိက တန်ပြန်တိုက်ခိုက် နေကြောင်း သိရှိရသည်။

ယနေ့ နံနက်အစောပိုင်း ၃ နာရီ ၃၀ မိနစ်မှ ၄ နာရီဝန်းကျင်တွင် ဂျက်တိုက် လေယာဉ်များဖြင့် ရှမ်းမြောက်ဒေသများကို စစ်ကောင်စီတပ်က ဗုံးကျဲ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နေ့ ချင်းရွှေဟော်မြို့ကို သိမ်းပိုက်ထားသော တော်လှန်ရေး တပ်ဖွဲ့များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article