33.1 C
Yangon

မူဆယ်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်တချို့ တရုတ်နိုင်ငံ၊ ဝမ်တိန်မြို့အတွင်းသို့ ကျရောက်ပြီး နေအိမ်များ ထိခိုက်ပျက်စီး

Must read

မူဆယ်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်တချို့ တရုတ်နိုင်ငံ၊ ဝမ်တိန်မြို့အတွင်းသို့ ကျရောက်ပြီး နေအိမ်များ ထိခိုက်ပျက်စီး

ရန်ကုန်၊ အောက်တိုဘာ ၂၈

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်တွင် ယမန်နေ့ ညနေပိုင်း စစ်ကောင်စီ တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များ တရုတ်နိုင်ငံဘက်သို့ ကျ ရောက်ပြီး နေအိမ်များ ထိခိုက်ပျက်စီး နယ်စပ် စစ်ရေးသတင်း ရင်းမြစ်များ ထံမှ သိရှိရသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန် မူဆယ်မြို့နယ်၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ စခန်းကုန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီး ၁၂၀ မမ သည် တရုတ်နိုင်ငံဘက်ခြမ်း နယ်စပ် ဝမ်တိန်မြို့ထဲသို့ ကျ ရောက် ကြောင်း နယ်စပ် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

“စစ်တပ်က လက်နက်ကြီးတွေနဲ့ တော်လှန်ရေးအဖွဲ့တွေရှိနိုင်မယ့်နေရာတွေကို ပစ်နေတာမှာ တရုတ်ပြည်ဘက်ကို လက်နက်ကြီး ၁ လုံးကျတယ်။ အဲဒါ တ ရုတ် ဘက်က လက်နက်ကြီးကျည် ကျတာကို သူတို့ လူမှုကွန်ရက်တွေ မှာ လည်း တင်ထားတယ်။ လူထိခိုက်မှုတော့မရှိပေမယ့် နေအိမ်ပျက်စီးမှု တွေရှိ တယ်” ဟု နယ်စပ်စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article