နေပြည်တော်၊ ပျဉ်းမနားမြို့နယ် လက်ဖက်တောင်ရွာ တာဝါတိုင်စောင့် စစ် စခန်းကို တိုက်ခိုက်သိမ်းပိုက်၊ ဒီပဲယင်းတွင် စစ်ကြောင်းကို ဒရုန်းလေယာဉ်ဖြင့် ဗုံးကျဲမှု စစ်သား ၃ ဦးထက်မနည်းသေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၂၈
နေပြည်တော်ကောင်စီ နယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ပြည်ထောင်ကိုးကျေးရွာ အုပ် စု၊ လက်ဖက်တောင်ကျေးရွာ ၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း ကျားသံလုံးစစ်ကြောင်း – သံတောင် မြောက်ပိုင်းအထူးဒေသ တပ်ဖွဲ့က ပြောသည်။
အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်း ပျဉ်းမနားမြို့နယ်၊ လက်ဖက်တောင် ကျေးရွာ၊ တာဝါတိုင်၌ တပ် စွဲထား သော အကြမ်းဖက်စစ်ကောင်စီ တပ် စခန်း ကို ကျားသံလုံးစစ်ကြောင်း သံတောင်မြောက်ပိုင်းအထူး တပ်ဖွဲ့နှင့် PDF တပ်ဖွဲ့ တို့ ပူးပေါင်းပြီး သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းစခန်းမှ ခဲယမ်း အမြောက်အများနှင့် စစ်အသုံး အဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အုန်းတင်းကျေးရွာသို့ ဝင်ရောက်ပြီး ညအိပ်ကာ ပြည်သူပိုင်ပစ္စည်း များကို ခိုးယူနေသော စစ်တပ်စစ်ကြောင်းကို ဒရုန်း လေယာဉ်ဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၃ ဦး ထက်မနည်းသေဆုံးပြီး သေဆုံးစစ်သားအလောင်းများကို မစင် ကျင်း ထဲ ပစ်ချ ထားခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အောက်တိုဘာလ ၂၂ ရက်နေ့ နံနက်ပိုင်း ဒီပဲယင်းမြို့နယ်၊ ငဝဲတောကျေးရွာမှ အင်အား ၈၀ ခန့်ဖြင့် ထွက်ခွာလာသော အကြမ်းဖက်စစ်ကြောင်းသည် မွန်း တည့် ၁၂ နာရီခန့်တွင် အုန်းတင်းကျေးရွာအတွင်း သို့ ဝင်ရောက်ကာ ပြည်သူပိုင် ပ စ္စည်းများကို ဖောက်ထွင်းခိုးယူ၊ ဖျက်ဆီး ညအိပ်ခဲ့ကြောင်း၊ ယင်း အကြမ်း ဖက် စစ်သားများကို အောက်တိုဘာလ ၂၃ ရက်နံနက် ၁ နာရီခန့်အချိန် ဒရုန်း လေ ယာဉ်ဖြင့် အလစ်အငိုက်ဗုံးကျဲ ခဲ့ရာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်သားများရွာမှ ထွက်ခွာ သွားပြီး နောက် နယ်မြေရှင်းလေးရေးဝင်ရောက်စဉ် သေဆုံးနေသော အ ကြမ်းဖက်စစ်သား အလောင်း ၃ လောင်းကို မစင်တွင်းထဲမှ တွေ့ရှိခဲ့ရကြောင်း သိရသည်။
“ခွေးသေကောင်တွေကို မစင်တွင်းထဲချထားခဲ့တာ၊ ပေါ်တာကတော့ ၃ လောင်း ပဲရှိသေးတယ်၊ ဒီထက် များမယ်ဗျ၊ နယ်မြေ သေချာမရှင်းလင်း ရသေးဘူး၊ ပြည်သူ တွေလည်း အသတ်ခံရတာရှိတယ်၊ စစ်ကြောင်း က ဒီပဲယင်းထဲမှာ ပတ်မွှေ နေတုန်း၊ အခုဆိုရင် တောင်တန်းရွာကနေ လာတဲ့စစ်ကြောင်းက ငဝဲတောရွာ ဘက်ကို လာနေတယ်၊ ခလရ ၇၁ နဲ့ ပျူတွေပေါင်းထားတဲ့ စစ် ကြောင်း၊ အဲဒီစစ်ကြောင်းက ဒီပဲယင်းထဲမှာ ပတ်မွှေနေတာ၊ အောက်တိုဘာလ ၂၁ ရက်နေ့ကလည်း အဲဒီစစ်ကြောင်းကို ကျနော်တို့ ဗုံးကျဲတိုက်ခိုက်ခဲ့ သေး တယ်” ဟု မြနန္ဒာစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို မြနန္ဒာစစ်ဆင်ရေး(မန္တလေး) နှင့် Free Rangers(DPY) တို့ ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး စစ်ရေးအခြေ အနေနှင့် အင်တာနက် လိုင်း အခက်အခဲများကြောင့် ယခုမှ သတင်းထုတ်ပြန် ရခြင်းဖြစ်ကြောင်း၊ စစ်ရေး လှုပ်ရှား မှုများ ဆက်လက်လုပ်ဆောင်နေပြီး အကြမ်းဖက် စစ်အာဏာရှင် အ မြစ်ဖြတ် ချေမှုန်းနိုင်ရေးအတွက် ပါဝင်ထောက်ပံ့ အားဖြည့်ပေးကြပါရန် တိုက် တွန်း မေတ္တာရပ်ခံထားသည်။