မတူပီတွင် စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ခရိုင်ရုံးကို တိုက်ခိုက်မှု စစ် သား ၁ ဦးသေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၂၈
ချင်းပြည်နယ် မတူပီ – ဟားခါးလမ်းပေါ်ရှိ မတူပီခရိုင်ရုံးတွင် တပ်စွဲထားသော စစ်တပ်ကို အောက်တိုဘာ ၂၇ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် CDF မတူပီတပ်ရင်း ၂ က သွားရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ ၁ ဦးသေကာ ၅ ဦးထက် မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း CDF မတူပီတပ်ရင်း ၂ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“CDF ထိန်းချုပ်နယ်မြေဖြစ်တဲ့ ငလိုင်ကျေးရွာမှာ မတူပီခရိုင်ရုံးနဲ့ဆို တစ်မိုင်တောင် မဝေးဘူး မိုင်တစ်ဝက်ပဲ ဝေးမယ်။ စစ်ကောင်စီတွေဘက်က အင်အားတိုးချဲ့လာလို့ ထိတွေ့တိုက်ပွဲဖြစ်တာပါ။ CDF မတူပီဘက်က ထိခိုက်မှုမရှိပါ” ဟု CDF Matupi Battalion-2 မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။
မတူပီ-ဟားခါးလမ်းပိုင်းတွင် တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်၍ ပြည်သူများ လက်နက်ကိုင်ဆောင်ခြင်း၊ အမဲလိုက်ခြင်းများ မပြုလုပ်ရန် CDF မတူပီ တပ်ရင်း ၂ က အထူးသတိပေးချက် ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- စစ်တပ်တပ်စွဲထားသော မတူပီခရိုင်ရုံး။