ထိုင်း မြန်မာအလုပ်သမားအများစုဖြင့် ဖွဲ့စည်းထားသော နွေဦးတမာန်တော်လှန်ရေးထောက်ပို့အဖွဲ့မှ ဆီမီးသပိတ်ပြုလုပ်
ရန်ကုန်၊ အောက်တိုဘာ ၂၉
ထိုင်းနိုင်ငံ မဲဆောက်တစ်နေရာ၌ မြန်မာအလုပ်သမား၊CDMများဖြင့် ဖွဲ့စည်းထားသော နွေဦးတမာန်တော်လှန်ရေးထောက်ပို့အဖွဲ့မှ မိမိတို့မြန်မာပြည်အတွက် ဆီမီးသပိတ်အားပြုလုပ်ခဲ့ကြသည်။
“စစ်အာဏာရှင်အမြစ်ပြတ်စေဖို့အတွက် နွေဦးတမာန်တော်လှန်ရေးထောက်ပို့အနေနဲ့လည်း အဆုံးထိပါဝင် ထောက်ပို့သွားပါမယ်”လို့ သပိတ်စီစဉ်သူတာဝန်ခံမှ ပြောကြားသည်။

