25 C
Yangon

ခင်ဦးမြို့နယ်ရှိ မကျီးတုံပျူစောထီးရွာကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်မှု လက်နက် ၁၆ လက်သိမ်းဆည်းရရှိ၊ ယင်းမာပင်ရှိ ရဲတပ်ရင်း ၂၈ ကို ပစ်ခတ် တိုက်ခိုက်

Must read

ခင်ဦးမြို့နယ်ရှိ မကျီးတုံပျူစောထီးရွာကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်မှု လက်နက် ၁၆ လက်သိမ်းဆည်းရရှိ၊ ယင်းမာပင်ရှိ ရဲတပ်ရင်း ၂၈ ကို ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၃၀

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မကျီးတုံပျူစောထီးရွာကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး ၃ လက်အပါအဝင် လက်နက် ၁၆ လက်သိမ်းဆည်းရရှိခဲ့ပြီး ပျူစောထီး စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း Armed Revolutionary Force – ARF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယနေ့အောက်တိုဘာလ ၃၀ ရက် နံနက် ၅ နာရီခွဲခန့်က ခင်ဦးမြို့နယ်၊ မကျီးတုံပျူစောထီးစခန်းကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီး ၃ လက်နှင့် လက်နက်ငယ် ၁၃ လက် သိမ်းဆည်းရရှိခဲ့ပြီး ပျူစောထီးနေအိမ်များကို ၃ နေရာခွဲကာ မီးရှို့ဖျက်ဆီးလိုက်ကြောင်း၊ ခင်ဦးမြို့နယ် ပကဖမှ တပ်စိပ်မှူး ၁ ဦးကျဆုံးပြီး ၅ ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

“ကျဆုံးသွားတဲ့ရဲဘော် သဂြိုလ်နေလို့ လောလောဆယ် အဆင်မပြေသေးလို့ပါဗျ၊ အချိန်တန်ရင် သက် ဆိုင် ရာက ထုတ်ပြန်ပါလိမ့်မယ်” ဟု Armed Revolutionary Force – ARF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အမှတ် ၂၈ ရဲတပ်ရင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ ကြောင်း Black Vote Fighter Local PDF ထံမှ သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၂၉ ရက် နံနက် ၄ နာရီခန့်က ပြည်သူလူထုကို နေ့စဉ် နေ့တိုင်း လက်နက် ကြီးများဖြင့် ပစ်ခတ်ကာ ဆက်ကြေးကောက်နေသော ယင်းမာပင်မြို့နယ်အရှေ့ခြမ်းရှိ အမှတ် ၂၈ ရဲတပ် ရင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ရာ ပစ်မှတ်နေရာများသို့ ကျရောက်ပေါက်ကွဲပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိ နိုင် ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Black Vote Fighter Local PDF အဖွဲ့၊ AK ပြောက်ကျားတပ်ဖွဲ့ ၊ ဗမာအမျိုး သားတော်လှန်ရေးတပ်မတော် – BNRA ၊ တောကျီးကန်းပြည်သူ့ ကာကွယ်ရေး အဖွဲ့နှင့် စွန်ရဲပြည်သူ့ ကာကွယ်ရေးအဖွဲ့ ညီနောင် ၅ ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

စစ်ရေးအရှိန်မြှင့်တင်နိုင်ရန်နှင့် တာဝေးပစ် လက်နက်ကြီးများများ ထုပ်လုပ်နိုင်ရန် မိဘပြည်သူများ အနေဖြင့် တတ်နိုင်သည်ဘက်မှဝိုင်းဝန်းကူညီပေးကြပါရန် Black Vote Fighter အဖွဲ့က မေတ္တာရပ်ခံ ထားသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article