25 C
Yangon

မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်

Must read

မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ အောက်တိုဘာ ၃၀

မြစ်ကြီးနားမြို့တွင် KSCM ကချင်ပြည်နယ် လူထု သပိတ်ကော်မတီ က ဦးဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားမှုကို မြစ်ကြီးနားမြို့ရှိ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရင်း ကျဆုံးခဲ့သည့် ဦးချိုသားနှင့် ကိုဇင်မင်းထက်တို့ ကျဆုံးခဲ့သော နေရာတွင် သွေးရောင်ဆေးများ ပက်ဖြန်းခြင်း ဘန်နာ ချိတ်ဆွဲခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဖက်ဆစ် စစ်တပ်ကို တန်ပြန်တော်လှန်သည့် ညီနောင်မဟာမိတ်များ​၏ ၁၀၂၇ စစ်ဆင်ရေး အပါအဝင် ကချင်ပြည်နယ်ဒေသ တစ်လွှား တော်လှန်နေကြသော ပြည်သူ့ဘက်တော်သားများကို ထောက်ခံ​သည့် အနေဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article