နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ လွှတ်ပေးရေး “လွှတ်” လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ အောက်တိုဘာ ၃၀
မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးတွင် ချုပ်နှောင်ခြင်းခံနေကြရသည့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို အမြန်ဆုံးလွှတ်ပေးရန်အတွက် “လွှတ် “ဆိုသည့် လှုပ်ရှားမှုတစ်ရပ်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ယနေ့ အောက်တိုဘာ ၃၀ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။


