27.7 C
Yangon

ဝက်လက်မြို့နယ်၊ ပယ်သူကြီးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၁ လုံးကျော် ပြာကျ

Must read

ဝက်လက်မြို့နယ်၊ ပယ်သူကြီးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၁ လုံးကျော် ပြာကျ

ရန်ကုန်၊ အောက်တိုဘာ ၃၀

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ပယ်သူကြီးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင်း နေအိမ် ၁၁ လုံးကျော် ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပဒူရွာမှ စတင်ထွက်ခွာခဲ့လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခက်ခကျေးရွာတွင် ညအိပ် တပ်စွဲခဲ့ကြောင်း၊ အောက်တိုဘာ ၂၉ ရက်နေ့တွင် ခက်ခကျေးရွာမှ ထန်းကြီးကျေးရွာကို ဝင်ရောက်ကာ ညအိပ် တပ်စွဲခဲ့ပြီး ပြည်သူပိုင် နွား ၁ ကောင်ကို သတ်ဖြတ် စားသောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့၌ ပယ်သူကြီးရွာကို ဝင်ရောက် စီးနင်းကာ ပြည်သူပိုင် နေအိမ် ၁၁ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

” ဒီနေ့ ၃၀ ရက်နေ့မှာ ထန်းကြီးရွာကနေ တစ်ဆင့် ပယ်သူကြီးကျေးရွာကို စစ်ခွေး စစ်ကြောင်းက ရောက်ရှိလာပြီး နေအိမ် ၁၁ လုံးကျော်ကို မီးရှို့ ဖျက်ဆီးသွားတယ်။ ခွေးစစ်ကြောင်းက ညောင်ပင်ကြီးတောကျေးရွာကို ဆက်ထွက်တယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article