ရေဦးမြို့နယ်တွင် ကျားဘီးလူးစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး၊ ရေနံချောင်းနှင့် ကန့်ဘလူ ရှိ စစ်တပ်၊ ပျူစောထီး အထိုင် ဂိတ်စခန်းများကို တိုက်ခိုက်
ရန်ကုန်၊ အောက်တိုဘာ ၃၀
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၄ Ye U PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီ မိနစ် ၄၀ ခန့်အချိန် ဒီပဲယင်းမြို့နယ် အတွင်း လှည့်လည်မွှေ နှောက်နေသော အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၇၀၁ ၊ ၇၀၈ (ကျားဘီးဘူး) စစ် ကြောင်းကို ရေဦးမြို့ နယ်၊ မစိုးရိမ်ရေကျော်နားအရောက် မိုင်း ၂ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံး ဒဏ်ရာရ စစ်သားများကို အထမ်း ၄ ထမ်းဖြင့် သယ် ဆောင်သွားကြောင်း သိရသည်။
“ရေဦးမြို့ထဲဝင် အခုညပိုင်းပဲ ပြန်ဝင်သွားပြီ၊ ရေဦးမြို့နဲ့ ၂ မိုင်ခန့်အကွာလောက်က ရွာကို ရောက်တဲ့ အခါမှာ ကားနဲ့လာသယ်သွားတာပါ၊ ကား ၄ စီးနဲ့လာခေါ်သွားတယ်၊ အဲဒီကား ၄ စီးကိုလည်း မိုင်းတစ် ကြိမ်ထပ်ဆွဲနိုင်ခဲ့တယ်၊ ထိခိုက်မှုတော့ရှိနိုင်တယ်၊ မနက်ကမိုင်းဆွဲတာက ၂ ဦးသေတယ်၊ အဲဒီသေတဲ့ သူတွေရော၊ ဒဏ်ရာရတဲ့သူတွေရော ရေဦးကို သယ်သွားတယ်” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၄ Ye U PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အလားတူ ယနေ့ ညနေ ၅ နာရီ ၄၈ မိနစ်အချိန် ရေဦးမြို့မှ လာရောက်ကြိုဆို ပြီး ရေဦးမြို့ကို ပြန်လည်ဝင် ရောက်လာသော အကြမ်းဖက်စစ်ကား ၄ စီးကို ရေဦးမြို့နှင့် မုတ်စီရွာကြားတွင် ကားမိုင်းအကြီး ၁ လုံး ဖြင့်ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း၊ အဆိုပါတိုက်ခိုက်ခိုက်မှုများကို ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း – YEU People’s Defense Force ရဲဘော် များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရေဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ ရေနံချောင်းမြို့၊ မြို့ရှောင်လမ်းမပေါ်၊ ယာကြီးပြင်ရပ်ကွက်ရှိ ယာပြင်-အင်တော လမ်းဆုံ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက် သေ ဆုံးမှုရှိ နိုင်ကြောင်း မကွေးခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ အောက်တိုဘာလ ၂၉ ရက် ည ၁၁ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးကျော် ဖြင့် တပ်စွဲထားသော အဆိုပါ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့ကြောင်း ၊ အကြမ်းဖက်စစ်ကောင်စီ ဂိတ်ဘန်ကာကို ဖျက်ဆီးနိုင်ခဲ့ပြီး အ ကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။
“ပထမ ဆုံး ၄၀ မမနဲ့ စပစ်တာ၊ ပြီးမှ လက်နက်ငယ်နဲ့ စပစ်တာ၊ တပ်စိပ် ၂ စိပ်စာလောက်နဲ့ ဝင်ပစ်ခဲ့ တာ၊ မကွေးဘက်ကို ထွက်တဲ့ မြို့ရှောင်လမ်းပေါ်မှာ ဂိတ်လုပ်ထားတဲ့အတွက် ကျနော်တို့က တောင် ကုန်းထိပ် အပေါ်စီးကနေ ပစ်တာ၊ ပြန်ဆုတ်တဲ့အချိန်မှာ ပတ်ကင်းကား Double ကားနဲ့ နှစ်စီးလာ တယ်၊ အရေးပေါ်ကားတွေ ရောက်လာတာရှိတယ်၊ ပြန်ဆွဲထုတ် သွားတာတွေရှိတယ်၊ ကျနော်တို့ ပြန် ဆုတ် ပြီး တဲ့ အချိန်အထိ ရမ်းသမ်းပစ်ခတ်နေတာတွေရှိတယ်၊ သေတာတော့ စုံစမ်းလို့မရသေးဘူး၊ ထိခိုက်မှုရှိ တာတော့ပြောနိုင်တယ်၊” ဟု မကွေးခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို မကွေးခရိုင်အမှတ် ၂ တပ်ရင်း၊ ချောက်မြို့နယ် ပကဖ နှင့် Chauk Guerilla Force (CGF) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်၊ ပျူ အထိုင် ဂိတ်၊စခန်း ၄ ခုကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KBU-UG အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာန ထံ သို့ ပြောကြားသည်။
ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ် အ တွင်းရှိ ဇီးကုန်းသကြားစက် စစ်ကောင်စီအထိုင်စခန်း၊ ပျဉ်းတော်ရွာပျူအထိုင်နှင့် မူးဆုံပျူဂိတ် တို့ကို ၈၁ မမ၊ ၆၀ မမ၊ ရှော့ဒုံးများအပြင် လက်နက်ငယ်များဖြင့်ပါ ပူးပေါင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ သ ကြားစက်နှင့် ပျူရွာအတွင်းသို့ လက်နက်ကြီးများထိမှန် ကျရောက်ပေါက်ကွဲပြီး စစ်သား၊ ပျူများ ထိခိုက် သေဆုံးမှုရှိကာ ဇီးကုန်းမြို့ပေါ်မှ အရေးပေါ်ကားများဖြင့် လာရောက်သယ်ဆောင်သွားကြောင်း သိရ သည်။
“အဖွဲ့ပေါင်းစုံ၊ နေရာပေါင်းစုံကနေ လက်နက်ကြီးနဲ့ ဝိုင်းပစ်ခဲ့တာ၊ စုစုပေါင်း ၄ ရောစလုံးဆိုရင် အလုံး ရေ ၁၀၀ နီးပါးလောက်တော့ရှိမယ်၊ ခန့်မှန်းပြောရတာ၊ အတိအကျကတော့ ဘယ်အဖွဲ့က ဘယ်နှစ်လုံး ပစ်တယ်ဆိုတာ မသိရဘူး၊ ခွေးသေထိခိုက်မှုကလည်း စုံစမ်းလို့ရဖို့ကမလွယ်ဘူးဗျ၊ စစ်ခွေးတွေဘက်က ပြန်ပစ်တဲ့လက်နက်ကြီးစ ထိလို့ ပြည်သူတစ်ဦးက တော့ ထိခိုက်ဒဏ်ရာရရှိတာရှိတယ်၊ ကျနော်တို့အဖွဲ့ တွေက သွားပြီး ဆေးဝါးကုသပေးခဲ့ရတာ၊ စိုးရိမ်စရာတော့မရှိပါဘူး“ ဟု KBU-UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။
ထို့အတူ ယမန်နေ့ ညနေ ၆ နာရီခန့်အချိန် ထန်းကုန်းတိုက်နယ်အတွင်းရှိ ညောင်ဇင်လေးရွာပျူအထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီး အလုံးရေ ၁၀၀ နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အပြင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက် သေဆုံးမှုရှိနိုင်ကြောင်း သိရသည်