23 C
Yangon

မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းနှင့် ဆေးရုံတွင် တပ်စွဲထားသော စစ်သားများကို ၃ ရက်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ပြီး အချိန်မီအလင်းဝင်ရောက်ကြရန် စာကျဲချ သတိပေး

Must read

မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းနှင့် ဆေးရုံတွင် တပ်စွဲထားသော စစ်သားများကို ၃ ရက်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ပြီး အချိန်မီအလင်းဝင်ရောက်ကြရန် စာကျဲချ သတိပေး

ရန်ကုန်၊ အောက်တိုဘာ ၃၁

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းနှင့် ဆေးရုံ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင် စီတပ်သားများကို ၃ ရက် ဆက်တိုက် ဗုံးကျဲပြီး အချိန်မီ အလင်းဝင်ရောက်ကြရန် စာကျဲချကာ သတိပေး ခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ့ – MSPDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြား ရေး တာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီခွဲခန့်အချိန် မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းနှင့် ဆေးရုံတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို “Shar Htoo Waw”နည်းပညာ တိုက်ခိုက် ရေး “Fixed Wing Drone”များဖြင့် AIR BOMB ၄ လုံးဖြင့်လည်းကောင်း၊ အောက်တိုဘာလ၊ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်တွင် AIR BOMB ၅ လုံးဖြင့် လည်းကောင်း ဗုံးများ ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် အာဏာရူးမင်းအောင်လှိုင် လက် အောက်တွင် မနေဘဲ ပြည်သူ့က မဲပေးရွေးချယ်တင်မြှောက်ခဲ့သည့် ပြည်သူ့အစိုးရထံ အလင်းဝင်ခိုလှုံကြ ရန် စသည့် စာများရေးသားထားသည့် သတိပေးစာများလည်း ကျဲချခဲ့ကြောင်း သိရသည်။

“ဆေးရုံက ကျောက်ရစ်နဲ့ ကိုးပင်ကြားမှာရှိတယ်၊ သတိပေးစာကို ဗုံးသီးနဲ့ တွဲပြီး ကျဲချသတိပေးခဲ့တာ၊ ထိခိုက်သေဆုံးမှုကတော့ စုံစမ်းနေတုန်းပဲ၊ စစ်ခွေး အင်အားက ၈၀ လောက်ရှိအုံးမယ်” ဟု မြောင်မြို့ နယ်ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ့ – MSPDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာ ၃၀ ရက် ညနေ ၅ နာရီခန့်ကလည်း အဆိုပါ ကျောက်ရစ်ရဲစခန်းနှင့် ဆေးရုံရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ” Shar Htoo WAW “နည်းပညာ တိုက်ခိုက်ရေး ” Fixed Wing Drone ” များကို အသုံးပြု၍ AIR BOMB ၂ လုံး ထပ်မံကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင် စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျ စုံစမ်းမရသေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် တပ်ရင်းအမှတ် ၄ – MSPDF ၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် ၃ ၊ တပ် ခွဲ ၁ ၊ မြင်းခြံနဂါးနီပြောက်ကျားတပ် ၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် ၆ – ငါန်းဇွန်အထူးပြောက်ကျားတပ် နှင့် မြောင်မြို့နယ် ပြည်သူ့ရင်ခွင် တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article