Khit Thit သတင်းဌာန၏ အောက်တိုဘာ ၃၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ရှမ်းပြည်မြောက်ပိုင်းမှာ တော်လှန်ရေးမဟာမိတ်တပ်တွေက ၁၀၂၇ စစ်ဆင်ရေး ၄ ရက်အတွင်း ချင်းရွှေဟော်မြို့၊ ဖောင်းဆိုင်မြို့တို့ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို နောင်ချိုမြို့၊ သိန္နီမြို့တို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။
– မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က မနေ့ကညနေပိုင်းမှာ ဖောင်းဆိုင်မြို့ကို သိမ်းပိုက်စဉ် စစ်ကောင်စီ တပ်ရဲ့ သံချပ်ကာကား ၁ စီးကို ထပ်မံသိမ်းယူဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
– မန္တလေး PDF က စစ်ကောင်စီလက်အောက်ခံနယ်ခြားစောင့်တပ်မှ ဗိုလ်မှူး ၁ ဦး၊ စစ်ဆေးဆရာဝန်ဗိုလ်ကြီး ၁ ဦး ၊ စစ်ဆေးဆရာဝန်ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၇ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
