KIA လိုင်ဇာဌာနချုပ်ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်လျက်ရှိပြီး တော်လှန်ရေးတပ်များက စစ်ကောင်စီတပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်နေ
ရန်ကုန်၊ အောက်တိုဘာ ၃၁
ကချင်ပြည်နယ်၊ KIA လိုင်ဇာဌာနချုပ်ကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိပြီး KIA ၊ PDF အပါအဝင် တော်လှန် ရေး တပ်များကလည်း စစ်ကောင်စီတပ်စခန်းများကို ယခုနံနက်ပိုင်း ဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များနှင့် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့များထံမှ သိရှိရသည်။
အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် အစောပိုင်းမှစတင်ပြီး ကချင်ပြည်၊ လိုင်ဇာဌာနချုပ်ရှိရာ ပတ်ဝန်းကျင်သို့ စစ်ကောင်စီ၏ ခါယာစခန်းက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိသောကြောင့် ရက္ခိုင့်တပ်တော် (Arakan Army) AA တပ်စခန်းများရှိရာပတ်ဝန်းကျင်၊ မုန်လိုင်ခတ်ကျေးရွာများအနီးသို့ ပတ်ဝန်းကျင်နေရာများသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲလျက်ရှိကြောင်း၊ KIA ဦးဆောင်သော တော်လှန်ရေးတပ်များကလည်း မြစ်ကြီးနား- ဗန်းမော်ကားလမ်းမပေါ်ရှိ၊ စစ်တပ်စခန်းတစ်ခုဖြစ်သော ကန်တောင်ယန် (ဂန်တောင်ယန်) စခန်းကို တိုက်ခိုက်လျက်ရှိကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
” ကန်တော်ယန် စစ်ကောင်စီ စခန်းနဲ့ ကန်တော်ယန်ရွာ ၊ နယ်မြေရဲစခန်း ကိုလည်း KIA က တိုက်နေတယ်။ မလိယန် စခန်းကုန်းမှာလည်း တိုက်ပွဲဖြစ်နေတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ယမန်နေ့ ညပိုင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြိုနယ် မုံးမော်၊ နမ့်ဟိုင်းရှိ စစ်ကောင်စီတပ် ခလရ ၃၂၄ တပ်အထိုင်စခန်းကြီုကို KIA က တိုက် ခိုက်သိမ်းပိုက်ခဲ့သည့်အပြင် ကွမ်းလုံမြို့နယ်၊ ကာမိုင်း ဗျူဟာစခန်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။