မုံရွာမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၃၁
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဖန်ခါးကျင်းကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Student Armed Force – ကျောင်းသားလက်ရုံး တပ်တော်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၄ မိနစ်ခန့်က မုံရွာမြို့နယ်၊ ဖန်ခါးကျင်းကျေးရွာ အနီးသို့ အင်အား ၇၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့်အပြန်အလှန်ပစ်တိုက်ပွဲဖြစ်ပွားကြောင်း၊ အကြမ်း ဖက်စစ်သား ၅ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိပြီး စစ်ကောင်စီတပ်သားများ ပြန်လည် ဆုတ်ခွာ သွားကြောင်း ၊ထို့သို့ ပြန်လည် ဆုတ်ခွာသွားသည့် စစ်ကြောင်းကို လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ Anonymous hero’s အဖွဲ့နှင့် ဒေသ ကာ ကွယ်ရေးတပ်ဖွဲများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။