26 C
Yangon

ချင်းရွှေဟော်မြို့ကို အပြီးသတ်သိမ်းပိုက်ပြီးနောက် ပြန်လည် လည်ပတ်ရန် MNDAA က စတင်စီစဉ်၊ မြို့တွင်းသို့ ပြည်သူတချို့ကို ပြန်လည် ဝင်ခွင့်ပြုပြီး သန့်ရှင်းရေးနှင့်အိမ်များ စစ်ဆေးခွင့်ပြု

Must read

ချင်းရွှေဟော်မြို့ကို အပြီးသတ်သိမ်းပိုက်ပြီးနောက် ပြန်လည် လည်ပတ်ရန် MNDAA က စတင်စီစဉ်၊ မြို့တွင်းသို့ ပြည်သူတချို့ကို ပြန်လည် ဝင်ခွင့်ပြုပြီး သန့်ရှင်းရေးနှင့်အိမ်များ စစ်ဆေးခွင့်ပြု

ရန်ကုန်၊ အောက်တိုဘာ ၃၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းရွှေဟော်မြို့ကို အောက်တိုဘာလ ၂၇ ရက်နေ့မှ အောက်တိုဘာလ ၂၈ ရက်နေ့အထိ MNDAA ဦးဆောင် သော တော်လှန်ရေး မဟာမိတ်တပ်များက သိမ်းပိုက်ပြီးနောက် မြို့ပြန်လည် လည်ပတ်နိုင်ရေး စီစဉ်နေကြောင်း MNDAA ၏ ပြန်ကြားရေး The KoKang က သတင်း ထုတ် ပြန်သည်။

လက်ရှိတွင် စစ်ဘေးကြောင့် စွန့်ခွာထွက်ပြေးသူ မြို့ခံများကို နေအိမ်များကို ပြန်လည် ဝင်ရောက်ခွင့် ၊ သန့်ရှင်းရေးလုပ်ခွင့်နှင့် အိမ်များကို စစ်ဆေး ခွင့်ပြုထားကြောင်း၊ လျှပ်စစ်ပြန်လည် ရရှိရေးလည်း MNDAA က ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

တရုတ်-မြန်မာ နယ်စပ်ဂိတ်ကို MNDAA တပ်များက လုံခြုံရေး အပြည့်ယူ ထားပြီး မြို့အခြေအနေမှာလည်း အေးဆေး ငြိမ်သက်လျက်ရှိကြောင်း ၊ MNDAA က မြို့ကို သိမ်းပိုက်ပြီးနောက် ပြည်သူများ၏ အိုးအိမ် ပိုင်ဆိုင်မှု ပစ္စည်းများ မှာ အပျောက်အရှ မရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article