26 C
Yangon

ကွက်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံး

Must read

ကွက်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၃၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွက်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း – TWO ထံမှ သိရသည်။

အောက်တိုဘာလ ၃၀ ရက် ညနေ ၅ နာရီခွဲခန့်က နမ့်ဖတ်ကာကျေးရွာ၊ ရပ်ကွက် ၂ ပြည်ထောင်စု လမ်းပေါ်ကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ ဈေးဝယ်ထွက်လာသော အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ထိမှန်ခဲ့ပြီး အမျိုးသား ၁ ဦးမှာ နေရာ၌ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ကျန်အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့မှာလည်း ဆေးရုံရောက်ရှိပြီး ၁၅ မိနစ်ခန့်အကြာ သေဆုံး သွားကြောင်း သိရသည်။

စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်မှုကြောင့် သေဆုံးသွားသူများမှာ အသက် ၂၈ နှစ်အရွယ်နှင့် အသက် ၁၈ နှစ် အရွယ် အမျိုးသား ၂ ဦး၊ အသက် ၁၉ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ဖြစ်ပြီး ဗမာလူမျိုးများဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်နှင့် မြောက်ပိုင်းညီနောင် မဟာမိတ်တို့ အကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲ ၄ ရက် မြောက်နေ့တွင် နမ့်ဖတ်ကာ ဒေသ၌ ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း – TWO က ထုတ်ပြန်ထားသည်။

Photo – မေတ္တာရှင် လူမှုကူညီရေးအသင်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article