30 C
Yangon

ငါန်းဇွန်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး

Must read

ငါန်းဇွန်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၃၁

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၅ ရက်နေ့တွင် ငါန်းဇွန်မြို့နယ်အတွင်း လှုပ်ရှားနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းများကို တော်လှန်ရေးတပ်ဖွဲ့များက ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နံနက် ၉ နာရီခန့်တွင် ငါန်းဇွန်မြို့နယ် နတ်ကြီးရွာ မှရေဆင်းရွာကို ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ထနောင်းကုန်းရွာနှင့် ရေဆင်းရွာ အကြားတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း သိရှိရသည်။

နံနက် ၉ နာရီ ၃၀ မိနစ်တွင် ခေါင်းဘိုရွာမှ ထွက်လာသည့် စစ်ကြောင်းကို လက်ပံသာရွာ မရောက်မှီ တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ထော်လာဂျီ နှင့် ခြေလျင်စစ်ကြောင်းကို ထိမှန်ပြီး စစ်သား ၆ ဦး သေဆုံးကာ ၁ ဦး လက်မောင်း ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့နောက် လက်ပံသာရွာမြောက်ဘက်ကို ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ငါန်းဇွန် ပကဖ) ၊ T.G.R people defence force မြောင်မြို့နယ် T.G.R ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Black Eagle Defence Force – MMU ၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၂ ၊ မြင်းခြံခရိုင်တပ်ရင်း ၇ တပ်ခွဲ ၁ ၊ ငါန်းဇွန် မီးနဂါး ပျောက်ကျားအဖွဲ့၊ 925 ပျောက်ကျားအဖွဲ့ ၊ TGYR ပျောက်ကျားအဖွဲ့၊ ဒေါင်းဖိုက်တာပျောက်ကျားအဖွဲ့၊ ပြည်တော်ဝင်ပျောက်ကျားအဖွဲ့၊ လက်ရုံးပျောက်ကျားအဖွဲ့၊ ဖက်ဒရယ်ညီအကိုပျောက်ကျားအဖွဲ့၊ ရွှေဂျိုးဖြူ ပျောက်ကျားအဖွဲ့၊ ငန်းနက်ပျောက်ကျားအဖွဲ့၊ အားမာန်သစ်ပျောက်ကျားအဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article