21 C
Yangon

ကြို့ပင်ကောက်မြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၂ ဦး ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး

Must read

ကြို့ပင်ကောက်မြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၂ ဦး ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၃၁

ပဲခူးတိုင်း၊ ကြိုပင်ကောက်မြို့နယ်၊ ဘော်ဘင်ဆည်အနီးတွင် အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၂ ဦး ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၂၉ ရက် ညနေ ၃ နာရီခွဲခန့်က ပဲခူးရိုးမအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သွားလာလှုပ်ရှားမှုကို ထောက်လှမ်း စောင့်ကြည့်ရန်နှင့် စခန်းတည်နေရာများကို သိရှိန်ရန် ထွက်လာသည့် အကြမ်းဖက် စစ်တပ်ထောက်တိုင် ကျော်သူနှင့် အတူးတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် သေဆုံးသွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော ကျော်သူနှင့် အတူး တို့သည် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ဘော်ဘင်ရွာ ပျူစောထီးများထံ သတင်းပေးခြင်း၊ ဒေသနေ ပြည်သူများကို ဖမ်းဆီးခိုင်းခြင်း၊ စစ်ကောင်စီနှင့် ပျူစောထီးများကို ငွေအား၊ လူအားဖြင့် ထောက်ပံ့ကူညီပေးနေသူဖြစ်ကြောင်း သိရ သည်။

“ထင်းခုတ် သလို တောလိုက်သလို ပုံစံနဲ့ ခြေလျင်ထွက်လာတာပါ။ ဒီနေ့အထိ စစ်ခွေးနဲ့ ပျူစောထီးတွေ အလောင်း လာမကောက်ရဲသေးဘူး။ မိုင်းထောင်ထားမှာကြောက်နေတာ စခတွေ တက်လာမလားလို့ သတင်း မထုတ်ပြန်ပဲ စောင့်နေတာ” ဟု သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) တပ်ဖွဲ့ဝင်များမှ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article