32 C
Yangon

ငါးဇွန်မြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံး၊ စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်သွား

Must read

ငါးဇွန်မြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံး၊ စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်သွား

ရန်ကုန်၊ နိုဝင်ဘာ ၁

မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၆ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၃ ရက်‌နေ့ ည ၁၁ နာရီ ၃၀ မိနစ်တွင် ထန်းတပင်ရွာ အရှေ့ဘက် ဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် အကြမ်းဖက် စစ်သားများသည် ဒလန် သတင်းပေးမှုကြောင့် တော်လှန်ရေး ရဲဘော်များ ခေတ္တနားခိုနေသည့် တဲကို လာ‌ရောက် တိုက်ခိုက်သောကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော်များဘက်မှ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က မီးသွေးဖိုစောင့်နေသည့် ပြည်သူ ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း ၆ တပ်ခွဲ ၃ Specila Task Force Ngazun၊ မြင်းခြံခရိုင်တပ်ရင်း ၆ တပ်ခွဲ ၂၊ မြင်ခြံခရိုင် တပ်ရင်း ၆ တပ်ခွဲ ၁ နောင်ရိုး အထူးပြောက်ကျားတပ်၊ နဘက်တိုက်နယ် ပ.က.ဖ ၊ မြင်းခြံနဂါးနီးအထူးပြောက်ကျားတပ်တို့ ပူးတွဲ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article