36 C
Yangon

မိုးကောင်း-မြစ်ကြီးနား ရထားလမ်းပိုင်းဖွင့်ပွဲနှင့် ရထားခရီးတွင် ပြည်သူ များ ပါဝင်ခြင်းမပြုရန်၊ ရထားတွင် လိုက်ပါပါက လုံခြုံရေး လုံး၀(လုံး၀) တာဝန်မယူ ဟု မိုး​ကောင်း PDF သတိပေး

Must read

မိုးကောင်း-မြစ်ကြီးနား ရထားလမ်းပိုင်းဖွင့်ပွဲနှင့် ရထားခရီးတွင် ပြည်သူ များ ပါဝင်ခြင်းမပြုရန်၊ ရထားတွင် လိုက်ပါပါက လုံခြုံရေး လုံး၀(လုံး၀) တာဝန်မယူ ဟု မိုး​ကောင်း PDF သတိပေး

ရန်ကုန်၊ နိုဝင်ဘာ ၁

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှ မြစ်ကြီးနားမြို့နယ်အထိ ပြေးဆွဲမည့် ရထားလမ်းပိုင်းဖွင့်ပွဲနှင့် ရထားခရီးစဉ်ကို ပြည်သူများ လိုက်ပါခြင်းမပြုရန် မိုးကောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးလိုက်ပြီး ရထားခရီးစဉ်တွင် လိုက်ပါသူများနှင့်ပတ်သက်၍ လုံး၀(လုံး၀) တာဝန်ယူမည်မဟုတ်ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁ ရက်နေ့တွင် စစ်ကောင်စီက မိုးကောင်းမြို့ မီးရထားဘူတာရုံတွင် မိုးကောင်း-မြစ်ကြီးနားမီးရထားလမ်းပိုင်းဖွင့်ပွဲ ဦးစီးကျင်းပကာ မိုးကောင်း-မြစ်ကြီးနားမီးရထားများ စတင်ပြေးဆွဲမည်ဖြစ်ကြောင်း ၊ မိုးကောင်း-မြစ်ကြီးနား ရထားလမ်းပိုင်းအား နိုဝင်ဘာလ ၁ ရက်နေ့မှစတင်၍ တစ်ပတ်တိတိ အခမဲ့လိုက်ပါစီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း ၊ မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ယန္တရားလည်ပတ်နိုင်ရန် တစ်စိတ်တစ်ပိုင်းမှ အကောင်အထည်ဖော်နေသော မီးရထားလုပ်ငန်းကို မသမာသူလူတစ်စုမှ မည်သို့ပင် မြုဆွယ်ကာမူ လျစ်လျူရှု ပေးကြပါရန် မေတ္တာရပ်ခံအပ်ကြောင်း အဆိုပါအဖွဲ့က ပြောဆိုသည်။

နိုဝင်ဘာလ ၁ ရက်နေ့ မီးရထား ဖွင့်ပွဲတက်ရောက်ကြမည့်ပြည်သူများနှင့် စစ်​ကောင်စီ၏မီးရထား​ပေါ်တွင် လိုက်ပါစီးနင်းကြမည့်ပြည်သူများ၏ လုံခြုံရေးကို မိုး​ကောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လုံးဝ လုံးဝ တာဝန်မယူပါကြောင်း ကြိုတင် သတိပေးချက် ထုတ်ပြန်သည်။

“ပြည်သူတွေ စစ်ကောင်စီ မီးရထားသွားစီးနင်းနေမိမှာစိုးလို့ သတိပေးပါတယ်” ဟု မိုးကောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

ဓာတ်ပုံ- မီးရထားတွဲများကို စစ်ဆေးနေသည့် အကြမ်းဖက်မင်းအောင်လှိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article