25 C
Yangon

အကြမ်းဖက်စစ်ကောင်စီက KIO ဌာနချုပ်ရှိရာ လိုင်ဇာသို့ လေယာဉ်ဖြင့် ဗုံးကျဲချ၊ ယမန်နေ့ သိမ်းယူထားသော စစ်စခန်းကိုပါ လေယာဉ်ဖြင့် ဗုံးကျဲ

Must read

အကြမ်းဖက်စစ်ကောင်စီက KIO ဌာနချုပ်ရှိရာ လိုင်ဇာသို့ လေယာဉ်ဖြင့် ဗုံးကျဲချ၊ ယမန်နေ့ သိမ်းယူထားသော စစ်စခန်းကိုပါ လေယာဉ်ဖြင့် ဗုံးကျဲ

ရန်ကုန်၊ နိုဝင်ဘာ ၁

စစ်ကောင်စီ၏ တိုက်လေယာဉ်များက KIO ဌာနချုပ်၊ ကချင်ပြည်နယ်၊ လိုင်ဇာရှိ KIO ဌာနချုပ်ကို ယနေ့ မွန်းလွဲပိုင်းတွင် ဗုံးကျဲချသွားကြောင်း ဒေသပြည်သူများနှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

နိုဝင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် ဝန်းကျင်တွင် KIO ဌာနချုပ်ရှိရာ ကချင်ပြည်၊ လိုင်ဇာမြို့အနီးသို့ စစ်ကောင်စီသည် တိုက်လေယာဉ်ဖြင့် ၁ ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ လက်ရှိအချိန်အထိ အပျက်အစီးနှင့်ထိခိုက်မှု အခြေအနေ မသိရှိရသေးကြောင်း သိရှိရသည်။

“မနေ့ကလည်း ကျဲတယ်။ အဲဒါက တောင်ကုန်းဘက်ကျတာ အထိအခိုက်မရှိဘူး။ ဒီနေ့လည်း ကျဲတာက နောက်ဆုံးအခြေအနေ မသိရသေးဘူး” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ၎င်းတို့၏ စစ်စခန်းများကို KIA တပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်နေသည့်အတွက် တန်ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်မည်ဖြစ်ပြီး လေယာဉ်ဖြင့် ဗုံးကျဲရန် တရုတ်နိုင်ငံသို့ အကြောင်းကြားထားပြီဟု ယမန်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း၊ ယမန်နေ့ KIA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက် ရရှိထားသော ကန်တော်ယန်စခန်းကိုပါ ယနေ့ နံနက်ပိုင်း တိုက်လေယာဉ်ဖြင့် ဗုံးကျဲချကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article