29.8 C
Yangon

ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ် အထိုင်ချထားသော စာရင်းစစ်ချုပ်ရုံးနှင့် လေသာ ကျောင်းတိုက်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ် အထိုင်ချထားသော စာရင်းစစ်ချုပ်ရုံးနှင့် လေသာ ကျောင်းတိုက်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၁

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချထားသော စာရင်းစစ်ချုပ်ရုံးနှင့် လေသာကျောင်းတိုက်တို့ကို မောင်းသူမဲ့လေယာဉ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၂၉ ရက် နံနက် ၁၀ နာရီခန့်တွင် ဒီပဲယင်းမြို့ပေါ်ရှိ အင်အား ၅၀ ခန့် ဖြင့် အထိုင်ချတပ် စွဲထားသော စာရင်းစစ်ချုပ်ရုံးကို မောင်းသူမဲ့ Drone များအသုံးပြု၍ ဗုံးသီး ကျဲချတိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိမှန်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အလားတူ ညနေ ၅ နာရီခန့်တွင် ဒီပဲယင်းမြို့ပေါ်ရှိ အင်အား ၅၀ ခန့်တပ်စွဲထားသော လေသာကျောင်း ရှိ အကြမ်းဖက် စစ်သားများကို မောင်းသူမဲ့ Drone များအသုံးပြု၍ ထပ်မံတိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိမှန် ကျရောက် ပေါက်ကွဲခဲ့ပြီး ဒရုန်းတစ်စီးသည် စက်ချို့ယွင်းကာ အကြမ်းဖက် စစ်ကောင်တပ်သားများ ကင်းပုန်းဝပ်နေသည့် ဒီပဲယင်းမြို့ပေါ် တစ်နေရာတွင် ပျက်ကျခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို မြနန္ဒာစစ်ဆင်ရေး(မန္တလေး) နှင့် Free Rangers ( DPY) တို့က ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ဒရုန်းတစ်စီး ပျက်စီးဆုံးခဲ့ခြင်းမှအပ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ အောင်မြင်ခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေးအဖွဲ့ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article