မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ စစ်ဆင်ရေးတွင် ပါဝင်မည်မဟုတ်ဘဲ “၀” ဒေသကို လေကြောင်း၊ ကြည်းကြောင်းဖြင့် နယ်မြေကျူးကျော်လာလျှင် တုံ့ပြန်တိုက်ခိုက်မည်ဟု UWSA က ကြေညာ
ရန်ကုန်၊ နိုဝင်ဘာ ၂
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖော်ဆောင်လျက်ရှိသော မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ စစ်ဆင်ရေးတွင် ပါဝင်ခြင်းပြုမည်မဟုတ်ဘဲ “၀” ဒေသကို လေကြောင်း၊ ကြည်းကြောင်းဖြင့် စစ်ရေးအရ နယ်မြေကျူးကျော်လာလျှင် တုံ့ပြန်တိုက်ခိုက်မည်ဟု UWSA က တရားဝင် ကြေညာသည်။
နိုဝင်ဘာလ ၁ ရက်နေ့တွင် “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA က ထိုသို့ ကြေညာခြင်းဖြစ်ပြီး လက်ရှိ အခြေ အနေတွင် UWSA အနေဖြင့် ဘက်မလိုက်ရေးမူကို ကျင့်သုံးပြီး တိုက်ပွဲများတွင် ပါဝင်မည်မဟုတ်ကြောင်း၊ သို့ရာတွင်
“၀” ပြည်နယ်လုံခြုံရေး၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို အပြည့်အဝ ကာကွယ်သွားမည်ဖြစ်ကြောင်း၊ “ဝ” နယ်မြေကို လေကြောင်း၊ ကြည်းကြောင်းမှတစ်ဆင့် စစ်ရေးအရ ကျူးကျော်လာပါက တုံ့ပြန်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း ကြေညာ သည်။
“၀ တပ်ဖွဲ့က ထုတ်တဲ့ ကြေညာချက်ကတော့ စစ်ကောင်စီကို သတိပေးတာပဲ။ သူ့နယ်မြေကို လေကြောင်း ကြည်းကြောင်းနဲ့ ကျူးကျော်လာရင် စစ်ဖြစ်ဖို့ Ready ပဲလို့ သတိပေးတာ။ အခု စစ်တိုက်နေတဲ့ TNLA ၊ AA နဲ့ MNDAA က ၀ တပ်ဖွဲ့ ရဲ့ မဟာမိတ်တွေပဲ။ မဟာမိတ်တွေရဲ့ စစ်ပွဲမှာ သူဝင်မပါဘူး။သို့သော်လည်း သူ့နယ်မြေကို လာတိုက်ရင်တော့ ပြန်တိုက်မယ်လို့ စစ်ကောင်စီ အတိအလင်း ကြေညာတာပေါ့” ဟု ပြည်တွင်းမှာ လက်ရှိနေထိုင်နေဆဲ လွှတ် တော်အမတ်ဟောင်းလည်းဖြစ်၊ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- UWSA ၀ တပ်ဖွဲ့ဝင်များ၏ နှစ် ၃၀ ပြည့် စစ်ရေးပြ မြင်ကွင်းတစ်ခု။
