30 C
Yangon

စစ်တပ်က သိန္နီမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်ရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျေးရွာနှင့် စစ်ရှောင်စခန်းများကို လေကြောင်းမှ တစ်ဆင့် ဗုံးကျဲမှု အမျိုးသမီး ၁ ဦးသေဆုံး

Must read

စစ်တပ်က သိန္နီမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်ရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျေးရွာနှင့် စစ်ရှောင်စခန်းများကို လေကြောင်းမှ တစ်ဆင့် ဗုံးကျဲမှု အမျိုးသမီး ၁ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂

အကြမ်းဖက်စစ်တပ်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်ရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျေးရွာများနှင့် စစ်ရှောင်စခန်းများကို လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်ရာ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က ပြောသည်။

နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန် ကွတ်ခိုင်မြို့နယ်၊ ဂါလိုင်ကျေးရွာအုပ်စု၊ ဇွပ်အောင် စစ်ရှောင်စခန်း ကို လေကြောင်းမှတစ်ဆင့် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ စစ်ရှောင် အမျိုးသမီး ၁ ဦးသေဆုံးသွားကြောင်း ၊ လေကြောင်းဖြင့် ဗုံး ၉ လုံးတိတိ ကျဲချခဲ့ပြီး လူနေအိမ် ၃ လုံး နှင့် ကာလိုင်စျေးလည်း ပျက်စီးသွားခဲ့ရကြောင်း သိရှိရသည်။

ထို့အတူ နိုဝင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်း သိန္နီ မြို့ပေါ်ကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် နေအိမ်အများအပြား ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article