27 C
Yangon

ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို KNU ဦးဆောင်သော မဟာမိတ်တပ်များက တစ်ပြိုင်တည်း ဝင်တိုက်နေ

Must read

ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို KNU ဦးဆောင်သော မဟာမိတ်တပ်များက တစ်ပြိုင်တည်း ဝင်တိုက်နေ

ရန်ကုန်၊ နိုဝင်ဘာ ၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို KNU/KNLA ဦးဆောင်သော မဟာမိတ်တပ်များက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်နေကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ပြောဆိုသည်။

နိုဝင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်း မြ၀တီမြို့နယ်နှင့်နီးစပ်သော ကော့ကရိတ်မြို့နယ် ကနဲလေး အမြောက်တပ် စစ်အခြေစိုက်စခန်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကွီးလုံတိုင်စစ်စခန်းတို့ကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“လတ်တလော အဲဒီဘက်မှာ အဆက်အသွယ်တွေ ဖုန်းလိုင်းတွေ ပြတ်ကုန်လို့ နောက်ထပ် ဘာသတင်းမှ မရသေးဘူး။ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးဘက်မှာ တစ်ပြိုင်တည်းဝင်တိုက်တာ” ဟု ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် သတင်းရင်းမြစ်များထံသို့ မေးမြန်းရာ လက်ရှိတွင် စစ်ဆင်ရေးအချိန်ဖြစ်၍ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုရန် မသင့်သေးဟု ပြောဆိုသည်။

“စစ်ဆင်ရေးလုပ်နေတုန်း ဘာမှ ပြောဖို့ မသင့်တော်ဘူး။ အချိန်တန်ရင် ပြည်သူကို အသိပေးမှာပါ” ဟု တောင်ပိုင်းတိုင်းစစ်ဌာနချုပ် သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article