မြိုင်မြို့နယ်၊ ကန်နီရွာရှိ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီး အလင်းဝင်ရန် စာများကျဲချ သတိပေး၊ ရွှေဘိုမြို့ပေါ်တွင် ကင်းပုန်းဝပ်နေသော စစ်သားများကို ဗုံးပစ်သွင်း တိုက်ခိုက်မှု ၂ ဦးသေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၂
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီရွာရှိ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ပြီး အလင်းဝင်ရောက်ရန် စာများကျဲချကာ သတိပေးခဲ့ကြောင်း Pakokku North PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၇ နာရီ မှစ၍ ညနေ ၅ နာရီအထိ မြိုင်မြို့နယ်ရှိ ကန်နီရွာရှိ ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် အီနာဂါဗုံးသီးများ၊ မီးလောင်ဗုံးသီးများ ကျဲချ တိုက်ခိုက်ခဲ့ပြီး အလင်းဝင်ရောက်ရန် စာများလည်း ကျဲချခဲ့ကြောင်း သိရသည်။
ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပျူစောထီး သန်းထွန်း ထိခိုက်ဒဏ်ရာရရှိပြီး အသက်အန္တာရယ် စိုးရိမ်ရကြောင်း၊ စာသင်ကျောင်းဆောင် (အဟောင်း) ပေါက်ပြဲပျက်စီးခဲ့ကြောင်း၊ ပျူစောထီး နေအိမ် ၁ လုံး ပျက်စီးပြီး ပျူစောထီး ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိကာ ပျက်စီး ဆုံးရှုံးမှု စာရင်းကို ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူခရိုင်တပ်ရင်း ၁၇ မှ MRTF၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ အမိမြေပြောက်ကျားတပ်ဖွဲ့ ၊ RPTF နှင့် Pakokku North PDF၊ Thurain တပ်ခွဲ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်တွင် ကင်းပုန်းဝပ်နေသော စစ်သားများကို ဗုံးပစ်သွင်း တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်တွင်
ရွှေဘိုမြို့ ကားကြီးကွင်းအတွင်း ကင်းပုန်းဝပ်နေသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လက်ပစ်မိုင်း ၂ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၁၁ နာရီဝန်းကျင်ခန့်တွင် ရွှေဘိုမြို့ အမှတ် ၇ ရက်ကွက်ရှိ စိုက်ပျိုးရေးရုံးကို အိမ်စီးကား ၂ စီး ဆိုင်ကယ် ၃ စီးတို့ဖြင့် ရောက်ရှိလာသော စစ်သားများသည် ကင်းပုန်းဝပ်နေစဥ် တော်လှန်ရေး တပ်ဖွဲ့များက လက်ပစ်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်း ၊တပ်ခွဲ ၁ Naung Yoe Army၊ ရွှေဘိုကျားကြီး ပျောက်ကြားတပ်ဖွဲ့၊ Revulotion Soldier ၊ ရှိမ်းမကားတိုက်နယ် ပြည်သူ့ကာ ကွယ်ရေးအ