29 C
Yangon

မြိုင်မြို့နယ်၊ ကန်နီရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးပြီး ၂ ဦး အရှင် ဖမ်းဆီးရမိ

Must read

မြိုင်မြို့နယ်၊ ကန်နီရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးပြီး ၂ ဦး အရှင် ဖမ်းဆီးရမိ

ရန်ကုန်၊ နိုဝင်ဘာ ၃

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၈ ဦး သေဆုံးခဲ့ပြီး ၂ ဦးအရှင် ဖမ်းဆီးရမိခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၂ ရက်နေ့ နံနက် အစောပိုင်း ၅ နာရီခန့်မှ စတင်၍ မြိုင်မြို့နယ်၊ ကန်နီကျေးရွာရှိ မျှော်စင် ဘန်ကာ ၃ ခုကို တော်လှန်ရေး တပ်ဖွဲ့များက အဓိက ပစ်မှတ်ထားပြီး RPG ၊ ၄၀ မမ ၊ လက်နက်ငယ်များဖြင့် ရွာခြေအထိ ချဉ်းကပ်ပြီး စစ်ကြောင်း ၃ ကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ၁ နာရီခွဲခန့်ကြာ မြင့် ခဲ့ပြီး အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ၈ ဦးသေဆုံးကာ ၁၅ ဦးခန့် ထိခိုက် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက RPG ၊ ၄၀ မမ၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့သည့်အပြင် နောက်တန်းမှနေ၍ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း၊ ရွာအစပ်ရှိ ပျူစောထီး နေအိမ် ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့ကာ ပျူစောထီး ၂ ဦးအရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို နဂါးနီ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ (မြိုင် ပကဖ ရင်း ၃ )၊ ဒေါင်းသွေးနီ ပြောက်ကျား တပ်ဖွဲ့၊ မြင်းခြံ 27 / တပ်ရင်း-1 ၊ king Cobra ၊ ဒေါင်းညီနောင် ၊ ညီနောင်သုံးဖော်/YSO ၊ ဒေါင်းစစ်သည်၊ ပခုက္ကူခရိုင် တပ်ရင်း ၁၆ တပ်ခွဲ ၃ ၊ ပခုက္ကူခရိုင် တပ်ရင်း-၁၄/ ၁၅၊ Urban Underground Revolution UURF.YSO ၊ Pakokku Special Task Force ၊ Royal Seven(Myaing) မြေလတ်ဒေသပြောက်ကျား တပ်ဖွဲ့ -MRG တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article