ကလေးမြို့နယ်အတွင်းရှိ ရဲစခန်း၊ စစ်တပ်စခန်း များ အပါအဝင် စခန်း ၆ ခုထက်မနည်းကို တော်လှန် ရေးတပ်ဖွဲ့များက ယနေ့ နံနက်ပိုင်း တစ်ပြိုင်တည်း တိုက်ခိုက်
ရန်ကုန်၊ နိုဝင်ဘာ ၃
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ ရာဇဂြိုလ် ရဲဘက်စခန်း၊ ရာဇဂြိုလ်ဆည်စောင့် စစ်တပ်စခန်း၊ မြောက်စီးရဲစခန်း၊ သင်တောကျေးရွာပျူစောထီးစခန်း များအပါအဝင် စစ်တပ်စခန်း ၆ ခုကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
နိုဝင်ဘာလ ၃ ရက်နေ့ နံနက်အစောပိုင်းတွင် ယင်းကဲ့သို့ တစ်ချိန်တည်း တစ်ပြိုင်တည်းတွင် ရဲစခန်း၊ ရဲဘက်စခန်း ၊ စစ်တပ်စခန်းနှင့်ပျူစောထီး စခန်း ၆ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး စခန်း ၂ ခု သိမ်းဆည်းရရမိသည်ဟု သိရှိရကြောင်း၊ အခြားသော စခန်းများ သိမ်းဆည်းရရှိသည့်သတင်းများ ကြားသိရသော်လည်း အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။
“မြောက်စီး ရဲစခန်း ရပြီ။ နောက်တစ်ခုကတော့ သင်တောကျေးရွာ ပျူစောထီး စစ်စခန်းလည်း ရတယ်လို့ သိရတယ်။ ရာဇဂြိုလ် ရဲဘက်စခန်းလည်း ရတယ်ကြားပေမယ့် မသေချာသေးဘူး။ အကုန်လုံးတစ်ပြိုင်နက်တည်း တိုက်တာဆိုတော့ သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်လာပါလိမ့်မယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
အလာတူ ကလေး-တမူးလမ်းပေါ်ရှိ ခမ်းပတ်မြို့နှင့် စစ်တပ်စခန်းကို လည် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရရှိပြီ ဖြစ်ကြောင်း၊ သို့ရာတွင် သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များက အတည်ပြု ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရှိရသည်။
ဓာတ်ပုံ- ကလေးမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။