27 C
Yangon

Breaking News- ကောလင်းမြို့နယ် မြို့မရဲစခန်းနှင့် အထက ၁ ကျောင်းတွင် တပ်စွဲထားသော စစ်တပ် စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်

Must read

Breaking News- ကောလင်းမြို့နယ် မြို့မရဲစခန်းနှင့် အထက ၁ ကျောင်းတွင် တပ်စွဲထားသော စစ်တပ် စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်

ရန်ကုန်၊ နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် မြို့မရဲစခန်းနှင့် အထက ၁ ကျောင်း၌ တပ်စွဲထားသော စစ်တပ် စ ခန်း ၂ ခုကို တော်လှန်ရေး တပ်ဖွဲ့များသိမ်းပိုက်ထားပြီး ကောလင်းမြို့ထွေအုပ်ရုံးကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များမှ ဝိုင်းထားကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် အစောပိုင်း ၄ နာရီခန့်အချိန်မှ စတင်ကာ ကောလင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော ရဲစခန်း၊ ထွေအုပ်ရုံး၊ အထက ၁‌ ကျောင်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းနှင့် အထက ၁ ကျောင်းရှိ စစ်တပ်စခန်း ၂ ကို သိမ်းပိုက်ရရှိထားကာ ထွေအုပ်ရုံးရှိ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် များကို တော်လှန်ရေးတပ်ဖွဲ့များက ဝိုင်းထားကြောင်း ဆဲဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲက အခုထိဖြစ်နေတုန်းပဲ၊ ပစ်တာတွေတော့ရှိတယ်၊ ဆက်တိုက်တော့မဟုတ်ဘူး၊ ဝန်းသို စစ်တပ် ကနေ ဟောင်ဝှစ်ဇာနဲ့ လှမ်းထုလိုက်နားလိုက်နဲ့၊ ပြီးတော့ Mi 35 ရဟတ်ယာဉ်နဲ့ လာပစ်သွားသေးတယ်၊ လေးကြိမ်လား၊ ငါးကြိမ်လား မသိဘူး၊ ရဲစခန်းနဲ့ အထက ၁ ကျောင်းမှာ တပ်စွဲထားတဲ့ စခန်းတွေကို သိမ်းလိုက်ပြီ၊ အခုက ထွေအုပ်ရုံးမှာရှိတဲ့ စစ်သားတွေကို ဝိုင်းထားတာ၊ မြို့သိမ်းမယ့်သဘောထင်တယ်၊” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့သို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ Mi 35 ရဟတ်ယာဉ်ဖြင့် ၄ ကြိမ်ထက် မနည်းတိုက်ခိုက်ခဲ့ပြီး ကောလင်းမြို့နေပြည်သူများမှလည်း ပိတ်နေသူများရှိကြောင်း၊ ဝန်သိုမြို့ပေါ်မှ အကြမ်းဖက်စစ်တပ်ကလည်း ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် ပစ်ခတ်နေကာ တိုက်ပွဲများ ထပ်မံ ပြင်း ထန်လာမည့်အခြေအနေရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article