မီးဘေးသင့်ပြည်သူများသို့ စောင်နှင့် ခေါင်းအုံးများ လှူဒါန်းခြင်း
ရန်ကုန်၊ နိုဝင်ဘာ ၃
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှ ညောင်ပင်ကြီးတဝိုက်ရှိ မီးဘေးသင့်ပြည်သူများထံသို့ စောင်နှင့်ခေါင်းအုံးများကို လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
မီးဘေးသင့် ပြည်သူများအတွက် ပြည်တွင်း ပြည်ပ အလှူရှင်များမှ ပါဝင်လှူဒါန်းပေးကြရန်လည်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှ မေတ္တာရပ်ခံထားသည်။

