30 C
Yangon

၁၀၂၇ စစ်ဆင်ရေး ၈ ရက်တာအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်စခန်းပေါင်း ၉၇ ခု သိမ်းပိုက်ထားပြီး ယနေ့တွင်လည်း စစ်စခန်းများကို ဆက်လက် တိုက်ခိုက် သိမ်းပိုက်ထား

Must read

၁၀၂၇ စစ်ဆင်ရေး ၈ ရက်တာအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်စခန်းပေါင်း ၉၇ ခု သိမ်းပိုက်ထားပြီး ယနေ့တွင်လည်း စစ်စခန်းများကို ဆက်လက် တိုက်ခိုက် သိမ်းပိုက်ထား

ရန်ကုန်၊ နိုဝင်ဘာ ၃

၁၀၂၇ စစ်ဆင်ရေး ၈ ရက်အတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်စခန်းပေါင်း ၉၇ ခု သိမ်းပိုက်ထားပြီး ယနေ့တွင်လည်း စစ်စခန်းများကို ဆက်လက် တိုက်ခိုက် သိမ်းပိုက်ထား MNDAA ၏ ပြန်ကြားရေး The Kokang က သတင်းထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁ ရက်နေ့ ညနေ ၃ နာရီ ၁၂ မိနစ်ခန့်တွင် ကိုးကန့်၊ ရှမ်ထုတ်ကျိုင့် နေရာတွင် အခြေချ နေထိုင် သော အကြမ်းဖက် စစ်တပ်၏ လရခနှင့် ရမခ တပ်စခန်းများကို ကိုးကန့်-MNDAA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ တစ်ညလုံး ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့​ပြီး နိုဝင်ဘာ ၂ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ၎င်းစခန်းကို သိမ်းယူနိုင်ခဲ့ကြောင်း၊ ယင်းနေ့ နံနက် ၇ နာရီ မိနစ် ၃၀ ခန့်တွင် ဟုန်နီထန်ရှိ စစ် ကောင်စီတပ်စခန်းကို စတင်ထိုးစစ်တိုက်ခိုက်ခဲ့ပြီး နံနက် ၇ နာရီ ၄၂ မိနစ်တွင် အပြီးသိမ်းယူခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့ နံနက် ၁၁ နာရီ ၅ မိနစ် တွင် စစ်ကောင်စီ၏ ကွမ်းလုံအနောက်ဘက် တောင်ကုန်း စခန်းကို အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်က တိုက်လေယာဉ်ဖြင့် စစ်ပွဲဖြစ်ပွားရာနေရာကို လာ ရောက်ဗုံးကျဲတိုက်ခိုက်ရာ ဒေသနေ ပြည်သူများ၏ နေအိမ်များ ပျက်စီးခဲ့ပြီး ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁ ရက်နေ့မှစပြီး ကွမ်းလုံဒေသရှိ စစ်တပ်၏ တပ်စခန်းများကို ကိုးကန့်-MNDAA တပ်ဖွဲ့က တောက်လျှောက် ထိုးစစ်တိုက်ခိုက်လာခဲ့ရာ တပ်စခန်းတစ်ခုကို သိမ်းယူနိုင်ခဲ့သည့်အပြင် စစ်တပ် လက်အောက်ခံ ကွမ်းလုံဒေသ အုပ်ချုပ်ရေး ကော်မတီရုံးကိုလည်း သိမ်းယူနိုင်ခဲ့ကြောင်း၊ စစ်ပွဲ ဒဏ်ကြောင့် ကွမ်းလုံဒေသပြည်သူ အများစုသည် ချင်းရွှေ‌ဟော်ဒေသဘက်ကို စစ်ဘေး တိမ်းရှောင်လာခဲ့ကြကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် စစ်ဘေးရှောင် ပြည်သူများ ချင်းရွှေဟော်ဒေသဘက်ကို ဆက်လက်ရောက်ရှိနေကြောင်း၊ ၎င်း စစ်ဘေးရှောင်သူများကို ကိုးကန့် (MNDAA) မှ “ဝ”ပြည်နန်ကို လုံခြုံစွာ ရောက်ရှိစေရန် စနစ်တကျ စီစဥ်ဆောင်ရွက်ပေးခဲ့ကြောင်း The Kokang က သတင်းထုတ်ပြန်သည်။

ထို့ပြင် နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၅ နာရီခန့်ကလည်း မူပန်(သိန္နီ)ဒေသရှိ မိုင်းတင် လက်ဖက် တောင်ကုန်းစခန်း ၊ မူပန်(သိန္နီ)ဒေသ ဟိုပန်လမ်းမသစ်၏ (၉ မိုင်) စစ်ဆေးရေးဂိတ် ၊ မာချီ နှော မြောက် ပိုင်းရှိ မေဟန်စစ်ဆေးရေးဂိတ် စသည့် စခန်းများကို ကိုးကန့်(MNDAA) ၊ ဒေသလုံခြုံရေး အဖွဲ့နှင့် ရက္ခိုင့် တပ်တော်(AA)တို့မှ တနေ့လုံး ဒရုန်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့ ၁၀၂၇ စစ်ဆင်ရေး Operation ၏ ၈ ရက်မြောက်နေ့တွင် ကိုးကန့်ခရိုင်၊ ဝမ့်နင်ကျွမ်စခန်းနှင့် ရှီးရှမ်ဒေသ သာရွှေထန်ရွာအုပ်စု ၊ ချောက်ပါးကျိုင့် စစ်ကောင်စီ တပ်စခန်း များကို မြန်မာအမျိုးသား ဒီမိုကရက် တစ်မဟာမိတ်တပ်မတော် (MNDAA) က အောင်မြင်စွာ တိုက်ခိုက်သိမ်းယူခဲ့ ပြီး လက်ရှိအချိန်အထိ စစ်ကောင်စီ၏ အကြီး၊ အသေး၊ ယာယီတပ်စခန်း စုစုပေါင်း ၉၇ ခုကို အောင်မြင် စွာ သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ကိုးကန့်ခရိုင်၊ ချောက်ပါးကျိုင့်နေရာရှိ စစ်ကောင်စီ တပ်စခန်းကို ကိုးကန့်MNDAA က ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၈ နာရီ မိနစ် ၃၀ အချိန်ခန့်တွင် အောင်မြင်စွာသိမ်းယူနိုင်ခဲ့ကြောင်း၊ ထို့ပြင် ကိုးကန့်ခရိုင်ရှိ ဝမ့်နင်ကျွမ် ၊ ရှီမိန်ခိုင်နှင့် ကျန်ကြား လယ်ကွင်း တပ်စခန်း ၃ ခု ကို ကိုးကန့် (MNDAA) က နံနက် ၇ နာရီ ၃၃ မိနစ်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ၉ နာ ရီ အချိန်တွင် အပြီးပြတ် သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article