24 C
Yangon

KNU ထိန်းချုပ် နယ်မြေများ၌ ၉ လတာအတွင်း စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှု ၁၈၀၀ ကျော် ကျူးလွန်ခဲ့ပြီး ပြည်သူ ၁၄၀ ဦး သေဆုံးကာ သိန်းနှင့်ချီသော ပြည်သူများ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရ

Must read

KNU ထိန်းချုပ် နယ်မြေများ၌ ၉ လတာအတွင်း စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှု ၁၈၀၀ ကျော် ကျူးလွန်ခဲ့ပြီး ပြည်သူ ၁၄၀ ဦး သေဆုံးကာ သိန်းနှင့်ချီသော ပြည်သူများ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရ

ရန်ကုန်၊ နိုဝင်ဘာ ၄

KNU−ကရင်အမျိုးသား အစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေများတွင် ၉ လတာ ကာလအတွင်း အကြမ်းဖက် စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှု ၁၈၀၀ ကျော် ကျူးလွန်ခဲ့ပြီး ပြည်သူ ၁၄၀ ဦးသေဆုံးခဲ့ကာ သိန်းနှင့်ချီသော ပြည်သူများ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရ KNU ဗဟိုက သတင်းထုတ်ပြန်သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ အကြမ်းဖက် စစ်တပ်က ကေအဲန်ယူ−ကရင်အမျိုးသား အစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေများ၌ လူ့အခွင့် အရေးချိုးဖောက်မှု ၁၈၄၇ ကြိမ်ထက်မနည်း ကျူးလွန်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ပြည်သူလူထုပိုင် နေအိမ် ၁,၅၈၄ လုံး၊ ပြည်သူပိုင် အဆောက် အဦး ၈၅ လုံး၊ ပြည်သူများ၏ စိုက်ပျိုး ခြံ ၁၁ ခြံ၊ ဆေးရုံ ၄ လုံး၊ ဆေးပေးခန်း ၂ ခန်း၊ စာသင်ကျောင်း ၁၀ ကျောင်း၊ ဗလီကျောင်း ၁ ကျောင်း၊ ဘုန်းကြီး ကျောင်း ၁၇ ကျောင်း နှင့် ဘုရားကျောင်း ၁၄ ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ပြည်သူ ၁၄၀ ဦး သေဆုံးခဲ့ကာ ပြည်သူ ၄၆၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က အာဏာသိမ်းသည့်အချိန်မှစ၍ ၂၀၂၃ ခုနှစ် စက်တင် ဘာလ ၃၀ ရက်နေ့အထိ ကရင်ပြည်နယ်တွင် ပြည်သူလူထု ၇၁၇,၆၂၆ ဦးမှာ အိုးအိမ်စွန့်ခွာပြီး အသက် ဘေးလွတ်ရာကို ထွက် ပြေး တိမ်းရှောင်နေရကြောင်း KNU ဗဟိုက ပြောသည်။

၉ လတာကာလအတွင်း အကြမ်းဖက် စစ်တပ်က ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ

======================================

– အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ်များ၊ မောင်းသူမဲ့လေယာဉ်များဖြင့် ပြည်သူလူထုများကို ပစ်မှတ်ထားကာ ဗုံးကျဲ တိုက်ခိုက် ခြင်း၊ စစ်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှု ၃၆၅ ကြိမ် ထက်မနည်း ပြုလုပ်ခဲ့ရာ ပြည်သူ လူထုပိုင် နေအိမ် ၅၁၉ လုံး၊ ပြည်သူပိုင် အဆောက်အဦး ၄၉ လုံး၊ ဆေးရုံ ၂ ရုံ၊ ဆေးပေးခန်း ၂ ခန်း၊ စာသင်ကျောင်း ၉ ကျောင်း၊ ဗလီကျောင်း ၁ ကျောင်း၊ ဘုန်းကြီးကျောင်း ၄ ကျောင်း၊ ဘုရားကျောင်း ၁၁ ကျောင်း ထိခိုက်ပျက်စီးခဲ့ရပြီး ပြည်သူ ၂၆ ဦးသေဆုံးကာ ၅၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း

– အကြမ်းဖက် စစ်တပ်က ပြည်သူလူထု နေထိုင်ရာ ကျေးရွာများအတွင်းနှင့် လုပ်ငန်းခွင်များအတွင်းကို ၆၀ မမ၊ ၈၁ မမ၊ ၁၀၅ မမ၊ ၁၂၀ မမ၊ ၁၂၂ မမ၊ ၁၅၅ မမ လက်နက်ကြီးများကို နေ့စဥ် ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ ၁၂၇၂ ကြိမ် ကျူးလွန် ခဲ့ပြီး လက်နက်ကြီးအလုံးရေ ၄၅၂၄ လုံးရေထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူလူထုပိုင် နေအိမ် ၇၄၉ လုံး၊ ပြည်သူပိုင် အဆောက်အဦး ၆ လုံး၊ ဆေးရုံ ၂ ရုံ ၊ စာသင်ကျောင်း ၁ ကျောင်း၊ ဘုန်း ကြီးကျောင်း ၁၁ ကျောင်း၊ ဘုရားကျောင်း ၂ ကျောင်း ထိခိုက်ပျက်စီးခဲ့ကာ ပြည်သူ ၆၀ ဦး သေဆုံးပြီး ၃၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း

– အကြမ်းဖက် စစ်တပ်က ပြည်သူများ နေထိုင်ရာ ကျေးရွာများ အတွင်း အကြောင်းမဲ့ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး ပြည်သူ ၅ ဦးခန့် ထိခိုက်ဒဏ်ရာရှိခဲ့ပြီး နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း

– အကြမ်းဖက် စစ်တပ်က လမ်းသွား လမ်းလာပြည်သူများနှင့် စစ်ကြောင်း ထိုးစဉ် တွေ့ရှိရသော ပြည်သူများအား အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၂၁ ကြိမ် ပြု လုပ်ခဲ့ရာ ပြည်သူ ၁၉ ဦးသေဆုံးခဲ့ပြီး ၁၄ ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း

– အကြမ်းဖက် စစ်တပ်က ပြည်သူများ အသုံးပြုရာ လမ်းများတွင် နင်းမိုင်း များ ထောင်ထားခဲ့မှု ၃၄ ကြိမ်ခန့်ပြုလုပ်ခဲ့ပြီး အဆိုပါ နင်းမိုင်း ပေါက်ကွဲမှုကြောင့် ပြည်သူ ၅ ဦး သေဆုံးကာ ၃၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း

– အကြမ်းဖက် စစ်တပ်က ပြည်သူများကို ပေါ်တာအဖြစ် အသုံးပြုစေခိုင်းမှု ၁ ကြိမ် ကျူလွန်းခဲ့ပြီး ကျေးရွာ ၂ ရွာမှ ပြည်သူ ၃ ဦးခန့် ပေါ်တာအဖြစ် ခိုင်းစေခြင်း ခံ ခဲ့ရကြောင်း

– အကြမ်းဖက် စစ်တပ်က ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးခြင်းနှင့် ဖမ်းဆီးသတ်ဖြတ်ခြင်း ၄၄ ကြိမ်ခန့် ပြုလုပ်ခဲ့ပြီး ကျေးရွာပေါင်း ၄၃ ရွာမှ ပြည်သူ ၃၀ ဦးထက်မနည်း သတ်ဖြတ်ခဲ့ကာ ၁၃၀ ဦး ထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း

– အကြမ်းဖက် စစ်တပ်က ပြည်သူများကို ဖမ်းဆီး ညှင်းပန်းနှိပ်စက်ခြင်း ၁၀ ကြိမ်ခန့်ပြုလုပ်ခဲ့ပြီး ကျေးရွာပေါင်း ၁၀ ရွာမှာ ပြည်သူ ၂၂ ဦးခန့် ဖမ်းဆီးညှင်းပန်းနှိပ်စက်ခံခဲ့ရကာ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း

– အကြမ်းဖက် စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ် ဆောင်ခြင်း ၂ ကြိမ် ပြုလုပ်ခဲ့ပြီး ကျေးရွာ ၂ ရွာမှ ပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် ခေါ်ဆောင် အသုံးပြုခြင်းခံခဲ့ရကြောင်း

– အကြမ်းဖက် စစ်တပ်က ပြည်သူပိုင် ပစ္စည်းများကို မီးရှို့ခြင်း ၄၈ ကြိမ် ခန့် ပြုလုပ်ခဲ့ရာ ကျေးရွာပေါင်း ၄၁ ရွာမှ ပြည်သူပိုင်နေအိမ် ၂၈၄ လုံး၊ စိုက်ပျိုးခြံ ၁၁ ခြံ၊ ပြည်သူပိုင် အဆောက်အဦး အလုံး ၃၀ ၊ ဘုန်းကြီးကျောင်း ၂ ကျောင်း နှင့် ဘုရားကျောင်း ၁ ကျောင်းတို့ ပျက်ဆီး ဆုံးရှုံးခဲ့ရကာ ပြည်သူ ၅ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း

– အကြမ်းဖက် စစ်တပ်က ပြည်သူလူထုပိုင် နေအိမ်များကို ဖျက်ဆီးမှု ၄ ကြိမ် ခန့် ပြုလုပ်ခဲ့ပြီး ကျေးရွာပေါင်း ၄ ရွာမှ ပြည်သူလူထုပိုင်နေအိမ် ၂၄ လုံးထက်မနည်း ပျက်စီးခဲ့ ကြောင်း

– အကြမ်းဖက် စစ်တပ်က ပြည်သူပိုင် နေအိမ်များကို မွှေနှောက်ပြီး တန်ဖိုးကြီး ပစ္စည်းများ၊ ၎င်းတို့ ပစ္စည်းများကို ခိုးယူမှု ၁ ကြိမ်ကျူးလွန်ခဲ့ပြီး ပြည်သူ ၁၀ ဦး ပိုင် နေအိမ်များကို မွှေနှောက်ယူဆောင် သွားကြောင်း

– အကြမ်းဖက် စစ်တပ်က ပြည်သူလူထုပိုင် ပစ္စည်းများ အတင်းအဓမ္မယူ ဆောင်ခြင်း ၁၉ ကြိမ်ခန့်ကျူးလွန်ခဲ့ပြီး ကျေးရွာပေါင်း ၁၉ ရွာမှ ပြည်သူ ၃၁ ဦးထံမှ ပစ္စည်းများကို မတရား အတင်း အဓမ္မယူဆောင်သွားခဲ့ကြောင်း

– အကြမ်းဖက် စစ်တပ်က ပြည်သူများကို အတင်း အဓမ္မ လုပ်အား ခိုင်းစေခြင်း ၇ ကြိမ်ခန့် ကျူးလွန်ခဲ့ပြီး ကျေးရွာပေါင်း ၂၀ မှ ပြည်သူလူထု ၁၁၁၀ ဦးခန့်မှာ အတင်း အဓမ္မခိုင်းစေခြင်း ခံခဲ့ရကြောင်း

– အကြမ်းဖက် စစ်တပ်က ပြည်သူများ နေထိုင်ရာ ဒေသများမှ တခြား တနေရာကို အတင်းအဓမ္မပြောင်းရွှေ့ရန် စေခိုင်းမှု ၁ ကြိမ်ခန့် ကျူးလွန်ခဲ့ပြီး ကျေးရွာပေါင်း ၂ ရွာမှ ပြည်သူ ၂၈၁၁ ဦးမှာ ရွှေ့ပြောင်းပေးခဲ့ရကြောင်း

– အကြမ်းဖက် စစ်တပ်က ပြည်သူများကို ငွေတောင်းခံခြင်း ၄ ကြိမ် ခန့် ကျူး လွန်ခဲ့ပြီး ကျေးရွာပေါင်း ၁၁ ရွာမှ ပြည်သူ ၁၁ ဦးထက်မနည်း ငွေတောင်းခြင်း ခံခဲ့ရကြောင်း

– အကြမ်းဖက် စစ်တပ်က ပြည်သူများကို ဖမ်းဆီးကာ ငွေတောင်းခံ ခြင်း ၄ ကြိမ်ခန့် ကျူးလွန်ခဲ့ပြီး ကျေးရွာပေါင်း ၄ ရွာမှ ပြည်သူလူထု ၁၃ ဦးထက်မနည်း ငွေတောင်းခြင်း ခံခဲ့ရကြောင်း

– အကြမ်းဖက် စစ်တပ်က ပြည်သူများကို လက်နက်ကြီးများဖြင့် ပစ် ခတ်မည်ဟု ခြောက်လှန့်ပြောဆိုခြင်း၊ သွားလာ ခွင့်ပိတ်ဆို့ခြင်း ကဲ့သို့သော ခြိမ်းခြောက်ခြင်း ၆ ကြိမ် ပြုလုပ်ခဲ့ပြီး ကျေးရွာပေါင်း ၂၅ ရွာမှ ပြည်သူလူထုများမှာ ထိုကဲ့သို့ ခြိမ်းခြောက်ပြောဆိုမှုများအား ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article