24 C
Yangon

ကောလင်းမြို့ပေါ်တွင် ပိတ်မိနေသော ပြည်သူများကို PDF တပ်ဖွဲ့များက ကယ်ထုတ်နေပြီး စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် ဗုံးကျဲခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံး

Must read

ကောလင်းမြို့ပေါ်တွင် ပိတ်မိနေသော ပြည်သူများကို PDF တပ်ဖွဲ့များက ကယ်ထုတ်နေပြီး စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် ဗုံးကျဲခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံး

■ ထွေအုပ်ရုံး၌ တပ်စွဲထားသော စစ်သားများက စစ်ဘေးရှောင် ပြည်သူများကို လိုက်လံပစ်ခတ်မှုများပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၄

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်တွင် ပိတ်မိနေသော ပြည်သူများကို PDF တပ်ဖွဲ့များက ကယ်ထုတ်နေပြီး စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် ဗုံးကျဲခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံး ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုင်ဝင်ဘာလ ၄ ရက်နေ့တွင် ကောလင်းမြို့ပေါ်၌ ပိတ်မိနေသော ပြည်သူများကို PDF တပ်ဖွဲ့များက ကယ်ထုတ်နေပြီး အကြမ်းဖက် စစ်တပ်က နံနက်ပိုင်းတွင် မြို့ပေါ်ကို ဗုံးကျဲ ပစ်ခတ်မှုများ ပြုလုပ်ခဲ့​ကြောင်း၊ နိုဝင်ဘာလ ၃ ရက်နေ့ ညပိုင်းက ဖလဲရွာကို စစ်တပ်က ဗုံးကျဲခဲ့ပြီး ကျေးရွာနေပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ကောလင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရဲစခန်းနှင့် အထက ၁ ကျောင်းတို့ကို PDF တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ထွေအုပ်ရုံး၌ တပ်စွဲထားသော စစ်တပ်ကို လက်ရှိချိန်ထိ တိုက်ခိုက် သိမ်းပိုက်နိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

အဆိုပါ ထွေအုပ်ရုံး၌ တပ်စွဲထားသော စစ်သားများက နေအိမ်များအတွင်းမှ ထွက်ခွာလာသည့် စစ်ဘေးရှောင် ပြည်သူများကို ပစ်ခတ်ခြင်းများ ပြုလုပ်ခြင်းကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေရှိတဲ့ ထွေအုပ်ရုံးကိုက မသိမ်းနိုင်သေးဘူး။ နံနက်ပိုင်းကတော့ စစ်ခွေးတွေ လေယာဥ် နဲ့တစ်ခါ ဗုံးကျဲတယ်။ မနေ့ကညက ကောလင်းအရှေ့ခြမ်း ကျောက်ပုထိုးနားက ကညို့အင်း ဖလဲရွာဘက်ကို ဗုံးကျဲသွားတာ ဖလဲရွာသား ၁ ဦး သေဆုံးတယ်လို့ သိရတယ်။ အခု နံနက်ပိုင်း ကောလင်းမြို့ပေါ်မှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ပကဖ၊ ပအဖ နဲ့ PDF တွေက ကူညီကယ်ထုတ်ပေးနေတယ်။ ထွေအုပ်ရုံးထဲက အကြမ်းဖက် စစ်တပ်က လမ်းမပေါ်တက်လာတဲ့ စစ်ရှောင်ပြည်သူတစ်ချို့ကို ရမ်းသမ်းပစ်ခတ်လို့ပြည်သူတစ်ချို့ ထိခိုက်မှုရှိတယ်” ဟု ဒေသပြည်သူ တစ်ဦးက ​ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article