28 C
Yangon

ငါန်းဇွန်မြို့နယ်၊ ပေါက်တောရွာ အုပ်ချုပ်ရေးရွာခွဲတာဝန်ခံ အလောင်းကို လာကောက်သော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ရဲ ၄ ဦးသေဆုံး

Must read

ငါန်းဇွန်မြို့နယ်၊ ပေါက်တောရွာ အုပ်ချုပ်ရေးရွာခွဲတာဝန်ခံ အလောင်းကို လာကောက်သော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ရဲ ၄ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၄

မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်၊ ပေါက်တောရွာ အုပ်ချုပ်ရေးရွာခွဲတာဝန်ခံ အလောင်းကို လာကောက်သော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ရဲ ၄ ဦးသေဆုံးခဲ့ကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ငါန်းဇွန်မြို့နယ်၊ ပေါက်တောရွာ အုပ်ချုပ်ရေးရွာခွဲ တာဝန်ခံ ၏ အလောင်းကို လာကောက်သည့် ငါန်းမြာကြီး မြို့မှ ရဲ နှင့် စစ်သားများသည် စစ်ကား ၁ စီး၊ ဆိုင်ကယ် ၇ စီးဖြင့် လာရောက်စဥ် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ရ ရဲ ၄ ဦး သေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရ ရရှိခဲ့ကြောင်းသိရသည်။

” မိုင်းဆွဲ တိုက်ခိုက်တာ ရဲ ၄ ကောင်သေပါတယ်။ သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခဲ့ပါတယ်” ဇာမဏီပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ​ပြောဆိုသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ကလည်း မြင်းခြံမြို့နယ် ကံနီရွာအနီးရှိ အကြမ်းဖက် စစ်အုပ်စုပိုင် MYTEL တာဝါတိုင်းကို ဖြိုချ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article