29.2 C
Yangon

အရာတော်မြို့၊ စက်မှုလယ်ယာဂိတ်နှင့် လဝကရုံးတို့ကို ဝင်ရောက်တိုက်ခိုက်မှု ဗိုလ်တစ်ဦးအပါအဝင် စစ်သား ၅ ဦးသေဆုံး

Must read

အရာတော်မြို့၊ စက်မှုလယ်ယာဂိတ်နှင့် လဝကရုံးတို့ကို ဝင်ရောက်တိုက်ခိုက်မှု ဗိုလ်တစ်ဦးအပါအဝင် စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၅

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ အရာတော်မြို့၊ စက်မှုလယ်ယာဂိတ်နှင့် လဝကရုံးရှိအ ကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးအပါအဝင် ၅ ဦးသေ ဆုံးပြီး စက်မှုလယ်ယာဂိတ်အနီးရှိ ဂိတ်ကင်းတစ်ခုကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း Danger Force LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိဝင်ဘာလ ၃ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်ခန့်အချိန် ပြည်သူများကို ဖမ်းဆီးစစ်ဆေးနေသော စက်မှုလယ် ယာဂိတ်နှင့် လဝကရုံးတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ဝင်ရောက်တိုက် ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ် ၁ ဦး၊ တပ်သား ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ ရှိခဲ့ကြောင်း၊ ထို့အပြင်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ ၏ အထိုင်ချတပ်စွဲထားသော စက်မှု လယ်ယာ ဂိတ် အတွင်းရှိ ဂိတ်တစ်ခုကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲသို့ အရာတော်မြို့နယ်အတွင်းရှိ စခတ အမှတ် ၁၀ လေ့ကျင့်ရေးတပ်မှ ပျူစောထီးများ၊ အကြမ်း ဖက်စစ် ကောင်စီ ၏တပ်သားများက ခြေလျင်ထွက်ခွာလာပြီး အမှတ် (၅၀၀၄)တင့်ကားတပ်မှ အကြမ်း ဖက်စစ် ကောင်စီ၏တပ်သားများက စက်သေနတ်တင်ထားသောကား ၂ စီးဖြင့် တပ်ကူများရောက်ရှိလာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ထိုသို့ ဆုတ်ခွာလာပြီးနောက် အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် များက အရာတော်မြိုအဝင် အထွက်များ ပိတ်ဆို့ထားကာ သေဆုံးသွားသော ဗိုလ် ၊ တပ်သားများ နှင့် ဒဏ်ရာအပြင်းထန် ရရှိသွားသော တပ်သား များ ကို အရာတော်မြို့ဆေးရုံကြီး သို့ ကားများဖြင့် ပို့ဆောင် လိုက်ကြောင်း သိရသည်။

အဆိုပါတိုက်မှုကို Danger Force LPDF ၊ လင်းယုန်တပ်ဖွဲ့၊ မြင်းမူလျှပ်စီးပြောက်ကျားတပ်ဖွဲ့နှင့် သပြေညို ပြောက်ကျားတပ်ဖွဲ့တိုမှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article