34 C
Yangon

ကနီမြို့နယ်၊ ချင်းတွင်းမြစ်တွင် ပြည်သူကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီ တပ်များ တိုက်ပွဲဖြစ်ပွားနေ

Must read

ကနီမြို့နယ်၊ ချင်းတွင်းမြစ်တွင် ပြည်သူကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီ တပ်များ တိုက်ပွဲဖြစ်ပွားနေ

ရန်ကုန်၊ နိုဝင်ဘာ ၅

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းတွင် ယနေ့ နံနက် ၉ နာရီကျော်အချိန် စစ်ကောင်စီတပ်နှင့် ဒေသပြည်သူကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်တပ်က ကနီမြို့ဆိပ်ကမ်းကမ်းမှ မော်တော် ၈ စီးဖြင့် စုန်ဆင်းလာခြင်းဖြစ်ပြီး ယခုကဲ့သို့ ဒေသကာကွယ်ရေးတပ်များနှင့် ထိပ်တိုက်ထိတွေ့ တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရှိရသည်။

*မနက်ခင်းကတော့ တိုက်ပွဲဖြစ်တာ ကြမ်းတယ်။နေ့လယ်ပိုင်းကတော့ သိပ်မပစ်ကြတော့ဘူး။ တိုက်ပွဲနားနေတာလားတော့မသိဘူး။ စစ်ကောင်စီမော်တော်တွေကတော့ မုဌေါရွာအနီးမှာ ၄ စီး၊ဝက်ချောင်းကြီးရွာအနီးမှာ ၃ စီးသောင်တင်နေတယ်။ကျန်တဲ့တစ်စီးကတော့ လူစီးမော်တော်ဖြစ်လို့ သောင်တော့မတင်ဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ချင်းတွင်းမြစ်အတွင်း တိုက်ပွဲဖြစ်ပွားသဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာအနီးရှိ ကျေးရွာ ၆ ခုမှ ပြည်သူများ နေရပ်စွန့် ခွာထွက်ပြေးနေရကြောင်း သိရှိရသည်။

ဓာတ်ပုံ-ချင်းတွင်းမြစ်တွင် မော်တော်များ အသုံးပြု၍ စစ်ကြောင်း ရွှေ့လျားနေသော အကြမ်းဖက်စစ်တပ် စစ်ကြောင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article