29.8 C
Yangon

ကောလင်းမြို့နယ်ရဲစခန်းကို ၃ ရက်တာတိုက်ခိုက်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ် သိမ်းပိုက်ရရှိ၊ နိုင်ငံရေးအကျဉ်းသားများနှင့် အချုပ် သားများကို တော်လှန်ရေးတပ်ဖွဲ့က ကယ်ထုတ်

Must read

ကောလင်းမြို့နယ်ရဲစခန်းကို ၃ ရက်တာတိုက်ခိုက်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ် သိမ်းပိုက်ရရှိ၊ နိုင်ငံရေးအကျဉ်းသားများနှင့် အချုပ် သားများကို တော်လှန်ရေးတပ်ဖွဲ့က ကယ်ထုတ်

ရန်ကုန်၊ နိုဝင်ဘာ ၆

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ရဲစခန်းကို ၃ ရက်တာတိုက်ခိုက်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက ယမန်နေ့ ညနေပိုင်းတွင် သိမ်းပိုက်ရရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

နိုဝင်ဘာလ ၃ ရက်နေ့မှစတင်ပြီး စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များတွင် တစ်ချိန်တည်း တစ်ပြိုင်တည်း စစ်ကောင်စီတပ်စခန်းများနှင့် ရဲစခန်းများကို တိုက်ခိုက်ခဲ့ရာ ကောလင်းမြို့နယ်ရဲစခန်းကိုပါ တိုက်ခိုက်ခဲ့ကြောင်း၊ အခိုင်အမာတပ်စွဲထားသော ကောလင်းမြို့နယ်ရဲစခန်းကို ၃ ရက်တာတိုက်ခိုက်ပြီးနောက် နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်တွင် အောင်မြင်စွာ သိမ်းပိုက်ရရှိကြောင်း Kawlin Revolution နှင့် Kawlin Info တို့ထံမှ သိရှိရသည်။

” မိမိတို့ရဲဘော်များမှ ကောလင်း ရဲစခန်းအား အောင်မြင်စွာသိမ်းပိုက်နိုင်။ နိုင်ငံရေးအကျဥ်းသားများအား မိမိတို့ရဲဘော်များမှ အန္တရာယ်ကင်းစွာ ခေါ်ထုတ်လာနိုင်ခဲ့၍ လုံခြုံသောနေရာ၌ ထားရှိကြောင်း။ ဆက်လက်၍ မြို့ထဲ၌ ကျန်ရှိနေသော မိဘပြည်သူများအား မိမိတို့တတ်နိုင်သမျှ ခေါ်ထုတ်ပေးမည်ဖြစ်ကြောင်း အသိပေးလိုက်ရပါသည်ခင်ဗျ” ဟု KawLin Revolution က သတင်းထုတ်ပြန်ထားသည်။

Kawlin Info ကလည်း ကောလင်းရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက သိမ်းပိုက်မှုမှာ မှန်ကန်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။

ကောလင်းမြို့ခံတချို့ကမူ မြို့ပေါ်တွင် ပစ်ခတ်မှုများရှိနေပြီး သေဆုံးနေသည့် အလောင်းတချို့လည်း လမ်းပေါ်တွင် ရှိနေကြောင်း၊ ပြည်သူအများစုမှာ မြို့ပေါ်မှ ထွက်ခွာနိုင်ခြင်းမရှိဘဲ ပိတ်မိနေကြောင်း၊ ဖုန်းလိုင်းများ ပြတ်တောက်နေပြီး ရံဖန်ရံခါမှ သာ ဖုန်းလိုင်း ရတစ်ချက်၊ မရတစ်ချက်ဖြစ်နေကြောင်း၊ မြို့၏ အခြေအနေ အလွန်ဆိုးရွားကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆက်သွယ်ပြောဆိုကြသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်။)

Photo- Getty Image ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article