ရေဦး၊ စစ်ကိုင်းနှင့် ယင်းမာပင်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၆
စစ်ကိုင်းတိုင်း၊ ရေဦးတိုင်းရင်းဆေးရုံနှင့် ဂါဝီပန်းခြံဂိတ်ရှိ စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၄ ရေဦး PDF ထံမှ သိရသည်။
ယနေ့ နိုဝင်ဘာလ ၆ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၅၀ ခန့်က အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲ ထားသော ရေဦးတိုင်းရင်းဆေးရုံနှင့် ဂါဝီပန်းခြံဂိတ်ကို Fix Wings များ၊ ဒရုန်းများဖြင့် ဗုံးသီး ၁၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း ပြည်သူ လူထုနေထိုင်ရာ ကျေးရွာများကို ပစ်ခတ်တိုက်ခိုက်နေသော ၁၂၀ မမ လက်နက်ကြီး ၁ လက် ပျက်စီးခဲ့ပြီး သံပြားကာ ကားတစ်စီးလည်း ခေါင်းပိုင်း ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ၊ ရေဦး PDF ၊ Sagaing Federal Wings ၊ စစ် ကိုင်းခရိုင်ပကဖ ၊ GTR (မြင်းမူ) နှင့် စစ်ကိုင်းခရိုင်အမှတ် ၅ တပ်ရင်း(MRA) တို့ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းမြို့နယ်၊ ကံတလူတိုးဂိတ်၊ ၆၀၀၅ တင့်ကားတပ်နှင့် စစ်သားများ လုံခြုံရေးစောင့် နေသည့် My Sweet Myanmar ဆီဆိုင်တို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်းပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
နိုဝင်ဘာလ ၅ ရက်နေ့က ခရီးသွားပြည်သူလူထုကို မတရား ဆက်ကြေးကောက်နေသော ကံတလူတိုး ဂိတ်၊ အမှတ် ၆၀၀၅ တင့်ကားတပ်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ပူးပေါင်းပြီး စစ်သား များအစောင့်ချထားကာ ပြည်သူကို ဒုက္ခပေးနေသော My Sweet Myanmar ဆီဆိုင်တို့ကို ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံး ကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိနိုင်သော်လည်း အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“ဗုံးသီး ၁၀ လုံးကျဲချတိုက်ခိုက်ခဲ့တာ၊ အဓိက ပြောချင်တာက My Sweet Myanmar ဆီဆိုင်ပါ၊ စစ်ကိုင်း ကနေ စခ ကားတွေ ဆင်းတိုင်း အဲဒီဆိုင်ကို ဝင်ပါတယ်၊ အဲဒီဆိုင်က စစ်မှုထမ်းဟောင်း အရာရှိ တစ်ဦး ပိုင်တာပါ၊ အဲဒီဆိုင်မှာ လုံခြုံရေးအစာင့် စစ်သား လေးငါးယောက်လောက် အမြဲတမ်းရှိပါတယ်” ဟု ယူနီ ကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ အမှတ် ၂၈ ရဲတပ်ရင်းကို လက်နက်ကြီးများဖြင့် အချက် ၂၀ ခန့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Brother Defence Force ထံမှ သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၅ ရက် နံနက် ၄ နာရီခန့်က ရဲတပ်ရင်းဝန်းအရှေ့၌ ဂိတ်ဖွင့်ကာ ခရီးသွားပြည်သူ များအပေါ် မတရား ဆက်ကြေးကောက်၊ စစ်ဆေးမေးမြန်းမှုများ တင်းကြပ်စွာလုပ်နေသော အမှတ် ၂၈ ရဲတပ်ရင်းဝန်းအတွင်းသို့ လက်နက်ကြီးများ ဖြင့် အလုံး ၂၀ ခန့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ရင်းဝန်း အ တွင်း ကျရောက်ပေါက်ကွဲပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုသိရှိနိုင်ရန် စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ခွဲ ၁ Brother Defence Force နှင့် မဲမှောင် ပျောက်ကြားတပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ရင်းဝန်းအတွင်းမှ လက်နက်ကြီးများ ဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ကြောင်း သိရသည်။
