27 C
Yangon

ကလေးမြို့နယ်ရှိ မြောက်စည်းရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ၉ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၃ ဦး ကျဆုံး

Must read

ကလေးမြို့နယ်ရှိ မြောက်စည်းရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ၉ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၃ ဦး ကျဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၆

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ မြောက်စည်းရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ၉ ဦးသေဆုံးခဲ့ကြောင်း VAKOK – CNDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၆ နာရီခန့်မှ စတင်၍ ကလေးမြို့တောင်ပိုင်းရှိ မြောက်စည်းရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၉ ဦးသေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော် ၃ ဦးကျဆုံးခဲ့ကြောင်း သိရှိရသည်။

” စစ်ခွေး အလောင်း ၉ လောင်း သိမ်းဆည်းရရှိတယ်။ တော်လှန်ရေး ရဲဘော် ၃ ဦး ကျဆုံးတယ်” ဟု VAKOK – CNDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

မြောက်စည်းရဲစခန်းကို တိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့သော ရဲဘော် ၂ ဦးမှာ VAKOK – CNDF မှ ရဲဘော် Salai Thawng Tha Cung ၊ RKDF မှ ရဲဘော် ညိုလုံးနှင့် ရဲဘော် မင်းခန့်တို့ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို VAKOK – CNDF၊ Ranger Kalay Defend Force – RKDF ၊ ကလေးခရိုင်တပ်ရင်း ၄ ၊ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ်ပူပေါင်းတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article