ဂန့်ဂေါ၊ တောင်ခင်ရန်း ရဲစခန်းကို စွန့်ခွာ ထွက်ပြေးသွားသော စစ်ကောင်စီ တပ်သားများက မိုင်းများထောင်ထားခဲ့သောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ရှင်းလင်းရေး ပြုလုပ်
ရန်ကုန်၊ နိုဝင်ဘာ ၆
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို စွန့်ခွာ ထွက်ပြေးသွားသော စစ်ကောင်စီ တပ်သားများက မိုင်းများထောင်ထားခဲ့သောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ရှင်းလင်းရေး ပြုလုပ် ခဲ့ကြောင်း ABSDF Column – 3 က ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၄ ရက်နေ့တွင် ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းရှိ အကြမ်းဖက် စစ်သားများနှင့် ရဲများက စခန်း စွန့်ခွာ ထွက်ပြေးသွားပြီး မိုင်းများ ထောင်ထားခဲ့သောကြောင့် တောင်ခင်ရန်း ရဲစခန်းကို ABSDF အမှတ် ၁၂ တပ်ရင်းနှင့် မဟာမိတ် PDF တပ်ရင်းများက မိုင်းများ ဝင်ရောက် ရှင်းလင်းခဲ့ကြောင်း သိရသည်။
တောင်ခင်ရန်းရဲစခန်း ကို ABSDF နှင့် ဂန့်ဂေါခရိုင် PDF တပ်ရင်း ၁ ၊ တပ်ရင်း ၁၂ ၊ တပ်ရင်း ၁၄ ၊ ပ.က.ဖ များက မေလကုန်မှ စတင်၍ အနီးကပ် ဝိုင်းဝန်းပိတ်ဆို့ထားပြီး နိုဝင်ဘာလ ၁ ရက်နေ့ နှင့် နိုဝင်ဘာလ ၂ ရက်နေ့ ညတွင် အနီးကပ် တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ စစ်တပ်ဘက်မှ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တောင်းခင်ရန်း ရဲစခန်းအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထောင်ခဲ့သည့် မိုင်းများကို ABSDF ရဲဘော်များနှင့် တော်လှန်ရေး ရဲဘော်များကို ABSDF အမှတ် ၃ စစ်ကြောင်း ၊ စစ်ကြောင်းမှူး ရဲဘော်မင်းဌေး က သွားရောက် အားပေးခဲ့ကြောင်း သိရသည်။