34 C
Yangon

ခမ်းပတ်မြို့ကို တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံ တိုက်ခိုက် သိမ်းပိုက်

Must read

ခမ်းပတ်မြို့ကို တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံ တိုက်ခိုက် သိမ်းပိုက်

ရန်ကုန်၊ နိုဝင်ဘာ ၇

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံ တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့တွင် ခမ်းပတ်မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ နောက်ဆုံးတပ်စွဲထားသည့် ခမ်းပတ်စခန်းကုန်းကို တော်လှန်ရေး တပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီးနောက် ခမ်းပတ်မြို့ကို အလုံးစုံ သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” စစ်ခွေးတွေ နောက်ဆုံး တပ်စွဲထားတဲ့ ခမ်းပတ်စခန်းကုန်းကို သိမ်းပိုက်လိုက်ပြီလို့ သိရတယ်။ ပြည်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အောင်ပွဲခံကြတယ်လို့သိရပါတယ်။ မြို့ထဲမှာ စစ်ခွေးတွေ တပ်စွဲထားတဲ့ ရဲစခန်းနဲ့ ပြည်သူ့ဆေးရုံကိုလည်း အရင်နေ့တည်းက သိမ်းထားတာ ဒီနေ့မှစခန်းကုန်းကို ထပ်သိမ်းပိုက်လိုက်တော့ ခမ်းပတ် တစ်မြို့လုံးကို ပြည့်သူကာကွယ်ရေးဘက်က သိမ်းပိုက်လိုက်ပြီလို့ ပြောလို့တယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ခမ်းပတ်မြို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို တော်လှန်ရေး တပ်ဖွဲ့ များက နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၄ နာရီခန့်က စတင်ကာ တိုက်ခိုက်ခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့တွင် မြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article