ကယားရှိ စစ်ဘေးရှောင်များကို အာဟာရဒါနလှူဒါန်း
ရန်ကုန်၊ နိုဝင်ဘာ ၇
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် ၅၀၀ ဝန်းကျင်အတွက်ကို စင်ကာပူနိုင်ငံမှ ကောင်းစည်သူမြတ်၏ မွေးနေ့အလှူအဖြစ် ဝက်သားဟင်း၊သီးစုံပဲကုလားဟင်း၊ ခရမ်းချဉ်သီးဂေါ်ဖီသုပ်နှင့် ရိုးရာအထောင်းတို့ကို မွေးနေ့ရှင်ကိုယ်စား ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ လှူဒါန်းပေးခဲ့ကြောင်းသိရှိရသည်။