24 C
Yangon

ပဲခူးတိုင်း ဝေါမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ ၊ ကျိုက်ထိုတွင် စစ်တပ်၏ လက်နက်ကြီး ကျည်ထိမှန်၍ နေအိမ်များ ပျက်စီး

Must read

ပဲခူးတိုင်း ဝေါမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ ၊ ကျိုက်ထိုတွင် စစ်တပ်၏ လက်နက်ကြီး ကျည်ထိမှန်၍ နေအိမ်များ ပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၈

ပဲခူးတိုင်း၊ ဝေါမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန် မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ အခြေစိုက် အမြောက်တပ် ၃၁၀ က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ရာ စစ်တောင်းမြစ်တစ်ဖက်ကမ်း ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ တနော်ကျွန်းကျေးရွာ၊ သဲကွင်း လှေဆိပ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ဆိုင်ကယ် ကယ်ရီ သမားများ နှင့် ခရီးသွားလာနေသော အရပ်သား ပြည်သူ ၁၀ ဦးထိမှန်ခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ၁၀ ဦးအနက်မှ ၄ ဦးသေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“သိမ်ဇရပ်ထွေ/အုပ်ရုံးကို ဒရုန်းနဲ့ဗုံးကျဲပြီးတဲ့နောက်မှာ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာ ဖြစ်ပါတယ်” ဟု PDF တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသူများမှာ အသက် ၆၇ နှစ်အရွယ် ဦးကျော်မြင့် ၊ အသက် ၃၅ နှစ် အရွယ် ကိုအောင်ဆန်းဦး၊ အသက် ၃၀ နှစ် အရွယ် ကိုအောင်ကို၊ အသက် ၃၃ နှစ် အရွယ် ကိုကျော်လင်းထွန်းတို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။

စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ တွင် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦး တို့ပါဝင်ပြီး မြစ်ကျိုးတိုက်နယ် ဆေးရုံ မှတစ်ဆင့် ပဲခူးမြို့ ဆေးရုံကြီး တွင် ဆေးကုသမှုခံယူနေကြောင်း သိရှိရသည်။

အလားတူ ယမန်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်မှ ညနေ ၅ နာရီအချိန်အထိ ပဲခူးတိုင်း ၊ ဝေါမြို့နယ် ၊ ကျွန်းစုကျေးရွာ သုသာန်အနီးရှိ စစ်တပ်က လက်နက်ကြီး ၂ လုံးဖြင့် လည်းကောင်း၊ ဝေါမြို့နယ် ကိုးသိန်းရှင် ဘုရား အရှေ့ရှိ စစ်တပ်က လက်နက်ကြီး ၆ လုံး ဖြင့်လည်းကောင်း စုစုပေါင်း လက်နက်ကြီး ၈ လုံးပစ်ခတ်ခဲ့ရာ မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ် ၊ ခရွဲကျေးရွာ ဘက်သို့ တောင်ပိုင်း သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ရွာထဲရှိ နေအိမ်တလုံး ထိမှန်ခဲ့ပြီး အရပ်သား ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article