25 C
Yangon

ဒီပဲယင်းမြို့နယ် အတွင်း စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၆ ရွာကျော်မှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ၊ ရေဦး မြို့နယ်ရှိ ကျေးရွာများကိုလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

Must read

ဒီပဲယင်းမြို့နယ် အတွင်း စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၆ ရွာကျော်မှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ၊ ရေဦး မြို့နယ်ရှိ ကျေးရွာများကိုလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

ရန်ကုန်၊ နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အတွင်း စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၆ ရွာကျော်မှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၅ ရက်နေ့က စတင်ကာ ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ပစ်ခတ်ကာ ဝင်ရောက် စီးနင်းနေသောကြောင့် ကျေးရွာ ၈ ရွာကျော်မှ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပျံကျရွာထဲ၌ တပ်စွဲထားပြီး မန်ကျည်းစောက်ကျေးရွာ၊ ကြည်ကျေးရွာ၊ ဘုရားထွက်ကျေးရွာ၊ မကျည်းအုပ်ကျေးရွာ၊ အေးသာယာပျံကျကျေးရွာ၊ ကြခတ်ကျေးရွာ၊ နှမ်းဘဲလှကျေးရွာ၊ ရွှေးဒါးကန်ကျေးရွာ၊ ကျောက်ဖျာကျေးရွာ၊ မဲသည်ကျေးရွာ၊ ဝပါကျေးရွာ၊ မှန်သာကျေးရွာ၊ သပြေသာကျေးရွာ၊ ငြိမ်းချမ်းရွာသစ်ကျေးရွာ၊ ယင်းတွေကျေးရွာ၊ လက်တီးကျေးရွာ တို့မှ ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရှိရသည်။

” ၅ရက်နေ့က စိုင်ပြင်ကို စစ်ကူပေးဖို့ထွက်လာတဲ့စစ်ကြောင်းပဲ ဒီနေ့အထိ ကျေးရွာတွေကို ပတ်ချာလှည့် ပစ်ခတ် စီးနင်းနေတာ မင်းဆွေနှစ်ရွာနဲ့ မန်ကျည်းစောက်ရွာ ဘက်ကနေ ဒီပဲယင်းဘက်ကို ပြန်လှည့်လာတယ်။ ဒီပဲယင်း အနောက်ခြမ်းကို ၅ ရက်နေ့ကစလို့ ဒီနေ့အထိ ၃ ရက်မြောက်ရှိပြီ ကိုယ့်ပြည်သူတွေက ဝင်လိုက်ရပြန် ထွက်ပြေးလိုက်ရပြန်နဲ့ ရှိနေတုန်းပဲ” ဟု ရေဦး အခြေပြု People’s Defense Comrade ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

ထို့ပြင် ရေဦးမြို့ပေါ်ရှိ တိုင်းရင်းဆေးရုံ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကလည်း ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် ကျေးရွာနေ ပြည်သူများ စိုးရိမ်ထိပ်လန့်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article