26 C
Yangon

အင်းတော်မြို့ ရဲစခန်းမှ ရဲမိသားစုဝင်များ စစ်တပ်ကုန်းကို ပြောင်းရွှေ့သွားပြီး စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ကာ လေကြောင်းဖြင့် ဗုံးကျဲခြင်းများ ပြုလုပ်

Must read

အင်းတော်မြို့ ရဲစခန်းမှ ရဲမိသားစုဝင်များ စစ်တပ်ကုန်းကို ပြောင်းရွှေ့သွားပြီး စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ကာ လေကြောင်းဖြင့် ဗုံးကျဲခြင်းများ ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ ရဲစခန်းမှ ရဲမိသားစုဝင်များ စစ်တပ်ကုန်းကို ပြောင်းရွှေ့သွားပြီး စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ကာ လေကြောင်းဖြင့် ဗုံးကျဲခြင်းများ ပြုလုပ်ခဲ့ကြောင်း Indaw Revolution – IR မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

နိုဝင်ဘာ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင်လည်း အင်းတော်မြို့ အနီးရှိ နန်းခင့်နှင့် နဘားအနောက်ဘက်ရှိ တောင်ကြားအတွင်းကို အကြမ်းဖက် စစ်တပ်က Jet Fighter ၂ စီးဖြင့် ပစ်ခတ်မှု ပြုလုပ်ခဲ့​ပြီး တောထဲကို ကျရောက် ပေါက်ကွဲခဲ့သောကြောင့် ထိခိုက်သူမရှိကြောင်း သိရသည်။

ယင်းသို့ ပစ်ခတ်မှု ပြုလုပ်ပြီးနောက် ညပိုင်းတွင် အင်းတော်ရဲစခန်းမှ ရဲမိသားစုဝင်များက စစ်တပ် ကုန်းကို ပြောင်းရွှေ့သွားပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ကာ ကျော်ရွာသင်္ချိုင်း အနီး နှင့် နတ်မဟုတ်ကြီး-ကမ်းနီရွာ အနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

“လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာ ။ တိုက်ပွဲလည်း မဖြစ်ဘဲနဲ့ သူတို့ လာသိမ်းမှာကြောက်ပြီး ပစ်ခတ်နေတာ။ လူထိခိုက်မှုတော့ မရှိဘူး။ အင်းတော်ရဲစခန်းက ရဲမိသားစုတွေ၊ လက်နက်တိုက်၊ ပိုက်ဆံတိုက်တွေလည်း အကုန် စစ်တပ်ကုန်းကို မနေ့က ပြောင်းထားတယ်” ဟု Indaw Revolution – IR မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article